Connect with us

International Organizations

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကို “COVID-19”ဟု ခေါ်ဆိုရန် WHO ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သတင်းစာရှင်းလင်းပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) 

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို “COVID-19”ဟု ခေါ်ဆိုရန် အမည်ပေးလိုက်ပြီဖြစ်ကြောင်း WHOညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။WHOရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခု အဲဒီရောဂါကို ‘COVID-19’လို့ အမည်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို အတိုကောက်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်”ဟု တက်ဒရော့စ်က ဆိုသည်။“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)၊ ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ရဲ့ လမ်းညွှန်စည်းမျဉ်းတွေအရ ကျွန်တော်တို့က ပထဝီနေရာဒေသ၊တိရစ္ဆာန်၊လူတစ်သီးပုဂ္ဂလ သို့မဟုတ် လူတစ်စု တို့နှင့် မသက်ဆိုင်ဘဲ အသံထွက်ရလွယ်တဲ့ ရောဂါနဲ့သက်ဆိုင်တဲ့နာမည်ကို ရွေးရပါတယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ပြောကြားခဲ့သည်။ 

ရောဂါ၏အမည်နာမက အလွန်အရေးကြီးကာ ၎င်းမှာ မမှန်ကန်သည့်အမည် သို့မဟုတ် အပုပ်ချအမည်ပေးခြင်းကို ရှောင်ရှားနိုင်သလို နောင်တွင်ထွက်ပေါ်လာနိုင်မည့် အခြား ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာရောဂါများအတွက်လည်း မှန်ကန်သည့်စံတစ်ခုကို ပြုနိုင်မည်ဖြစ်သည်ဟု တက်ဒရော့စ်က အလေးထားပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.