Connect with us

International Organizations

ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကုသဆေးဝါးကို လာမည့် ၁၈ လတွင် စတင်အသုံးပြုနိုင်မည်ဟု WHO အကြီးအကဲပြော

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်မည့် ပထမဆုံးဆေးဝါးကို လာမည့် ၁၈ လတွင် စတင်အသုံးပြုနိုင်မည်ဟု ဖေဖော်ဝါရီ ၁၁ ရက်၌ ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းကာလတောအတွင်း “ ရောဂါပြန့်နှံ့မှုမဖြစ်ပွားစေရန်ပြင်ဆင်ခြင်း နဲ့ ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း များစွာကို ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါတယ် ” ဟု WHO အကြီးအကဲက ဆိုသည်။ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းသမားများအားပြောကြားရာ၌ ကမာ္ဘကြီးအနေဖြင့် ကပ်ရောဂါဆိုင်ရာ သုတေသနလုပ်ငန်း နှင့် နည်းလမ်းရှာဖွေရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ကြောင်း ၊ ယခုဖြစ်ပွားနေသော COVID19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရပ်တံ့ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ရောဂါကုသပေးမည့် ဆေးဝါး နှင့် ကုထုံး ကို သုတေသနရှာဖွေဖော်ထုတ်ရေး ကိစ္စရပ်မှာ အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့က ရောဂါကို လုံးဝ မခုခံမကာကွယ်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး၊ အခုချိန်မှာ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်နိုင်ဖို့ ကျွန်တော်တို့ဟာ အခြေခံပြည်သူ့ကျန်းမာရေးဆိုင်ရာ စူးစမ်းရှာဖွေမှုများစွာကို လုပ်နေပါတယ်”“ ဒါကြောင့် လက်ရှိအချိန်မှာ အဲဒီဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့ အသုံးဝင်မယ့်လက်နက်ကိရိယာတွေကို အသုံးပြုပြီး ကျွန်တော်တို့နေ့တိုင်း အရာရာတိုင်း လုပ်ဆောင်နေပါတယ် ၊ တစ်ချိန်တည်းမှာပဲ ရေရှည်အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ် ” ဟု WHO အကြီးအကဲက ဆိုသည်။(Xinhua)