Connect with us

International Organizations

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအပေါ် အပြည့်အဝယုံကြည်မှုရှိကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိပြော

တရုတ်နိုင်ငံ ဝူဟန့်ဆေးရုံရှိ ကိုရိုနာဗိုင်းရပ် ကုသရေးအဆောင်တစ်ခုတွင် ဆေးဝန်ထမ်းနှစ်ဦး လက်ချောင်းချင်းကပ်၍ အသဲပုံသဏ္ဍာန် ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကုလသမဂ္ဂ၏ တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်မှု(UNOSSC) အဖွဲ့မှ ညွှန်ကြားရေးမှူး Jorge Chediek က တရုတ်နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို အမြန်ဆုံးကျော်လွှားနိုင်မည်ဖြစ်ကြောင်း နှင့် ယခင်ကထက်ပိုမိုတောင့်တင်းခိုင်မာလာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“  တရုတ်နိုင်ငံဟာ အခုကြုံတွေ့နေရတဲ့ အကြပ်အတည်းကို အမြန်ဆုံးကျော်လွှားနိုင်မှာဖြစ်သလို ယခင်ကထက် တစ်ဖန် ပိုပြီး ခိုင်မာတောင့်တင်းလာမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ လုံးဝယုံကြည်ပါတယ်” ဟု Chediek က ဆိုသည်။“ ဒီကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံရဲ့ တုံ့ပြန်ကိုင်တွယ်ပုံကို ကျွန်တော့်အနေနဲ့အရမ်းကို ဂုဏ်ယူပါတယ် ။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် အတုယူရမယ့် စံနမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ် ။ ထပ်ပြီး ပြောရမယ်ဆိုရင် အလွန်ကြီးကျယ်တဲ့ တရုတ်နိုင်ငံရဲ့ ဦးဆောင်ဦးရွက် ခေါင်းဆောင်မှုဟာ နေရာနယ်ပယ်များစွာမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သရုပ်ပြ စံနမူနာတစ်ခုပဲဖြစ်ပါတယ် ” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သူ Chediek ကဆိုသည်။

တရုတ်နိုင်ငံ၏ ကူးစက်ရောဂါထိန်းချုပ်အတွက် တုံ့ပြန်ကိုင်တွယ်ပုံမှာ “အလွန်ထူးကဲ ကောင်းမွန်လွန်းပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုကျန်းမာရေးကိစ္စရပ်အပေါ် မည်သို့မည်ပုံ မှန်မှန်ကန်ကန် တုံ့ပြန်သင့်ပုံကို Chediek က ပြောကြားခဲ့ပြီး “ ကျနော်တို့ အကောင်းဆုံးလုပ်နိုင်တာကတော့ သိပ္ပံနည်းကျအတိုင်း လိုက်လုပ်ဖို့ရယ် ၊ အကြံပြုချက်တွေကို လိုက်နာဖို့ရယ် ၊ ကူးစက်ရောဂါကို ရင်ဆိုင်ဖို့အတွက် သိပ္ပံပညာနဲ့ အမှန်တကယ်ထိရောက်နိုင်မယ့် နည်းလမ်းရှာဖို့ရယ် ပဲဖြစ်ပါတယ် ။ ယုတ္တိမရှိတဲ့ စကားတွေနဲ့ လမ်းကြောင်းပေးတာမျိုး ဒါမှမဟုတ် အလွန်အကျွံ တုံ့ပြန်မှုလုပ်တာမျိုးတွေ မလုပ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

“ ဒီကူးစက်ရောဂါနဲ့ပတ်သက်ပြီး အဆိုးရွားဆုံးတစ်ခုကို ကျွန်တော်တို့ ရင်ဆိုင်နိုင်ပါတယ် အဲဒါက လျစ်လျူရှုမှုနဲ့ ခွဲခြားဆက်ဆံမှုပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။“ ကမ္ဘာကြီးအနေနဲ့ စိန်ခေါ်မှုကို ကျော်လွှာနိုင်မှာဖြစ်သလို တရုတ်နိုင်ငံနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ကျွန်တော်တို့အပြည့်အဝ လုံးဝ ယုံကြည်ပါတယ်” ဟု UNOSSC ညွှန်ကြားရေးမှူးက ဆိုသည်။(Xinhua)