Connect with us

International Organizations

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ က ဆရာဆရာမများအား COVID-19 ကာကွယ်ဆေးသစ် ထိုးနှံပေးရန် တိုက်တွန်း

အမေရိကန် နိုင်ငံ ဆေးဘက်ဆိုင်ရာ စင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၄ ရက်က COVID-19 ရောဂါ ကာကွယ်ဆေး ထိုးသွင်းပေးနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Henrietta H. Fore က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာချက်တစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းကြေညာချက်တွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ ကလေးသူငယ်များ၏ ပညာရေးအတွက် ဆိုးရွားစွာ သက်ရောက်မှုဖြစ်စေခဲ့ကြောင်း ၊ ကျောင်းဆရာဆရာမများအတွက် COVID-19 ရောဂါ ကာကွယ်ဆေးသစ် ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ ကျောင်းပြန်တက်၍ စာသင်ကြားနိုင်ရန် အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Fore က ယခုနှစ် ဧပြီလကုန်ပိုင်းတွင် COVID-19 ရောဂါသည် ဆိုးရွားစွာဖြစ်ပွားလာခဲ့ပြီး ကျောင်းများအားလုံး နီးပါး ပိတ်ခဲ့ရသဖြင့် ကမ္ဘာပေါ်ရှိကျောင်းသားပေါင်း ၉၀ ရာခိုင်နှုန်း၏ ပညာသင်ကြာရေးအပေါ် အနှောက်အယှက် ဖြစ်စေခဲ့ရကြောင်း ၊ ကမ္ဘာ့အချို့နိုင်ငံများစွာတွင် COVID-19 ရောဂါ ကူးစက်မှုလျင်မြန်စွာ မြင့်တက်လာသည်နှင့်အမျှ ကျောင်းအများစုမှာ ပိတ်ထားရဆဲဖြစ်ကြောင်း ၊ ယခု ဒီဇင်ဘာ ၁ ရက်နေ့ အထိ ကမ္ဘာပေါ်တွင် ကလေးသူငယ်ပေါင်း သန်း ၃၂၀ ခန့် က COVID-19 ကြောင့် ကျောင်းတက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Fore က ကပ်ရောဂါဖြစ်ပွားနေစဉ် ရေှ့တန်း၌ တာဝန်ထမ်းဆောင်နေကြသည့် အန္တရာယ်ကြီးမားစွာရင်ဆိုင်နေရသောသူများအတွက် COVID-19 ရောဂါ ကာကွယ်ဆေးသစ် ထိုးနှံပေးပြီးနောက်တွင် ဆရာဆရာမများအတွက် ကာကွယ်ဆေးသစ်ကို အမြန်ဆုံးထိုးနှံပေးရမည်ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ဆောင်ရွက်မှသာ ကျောင်းဆရာများ ရောဂါကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ပြီး ၎င်းတို့၏ ပုံမှန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် အာမခံချက်ရရှိအောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း နှင့် ၎င်းတို့၏ အနာဂတ် တံခါးဖွင့်လှစ်ပေးမည့်သူများကိုလည်း ဦးစွာ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

—————————————-
(Chinese Version) 

(国际)联合国儿基会呼吁为教师接种新冠疫苗

  新华社联合国12月15日电(记者王建刚)联合国儿童基金会执行主任亨丽埃塔•福尔15日发表声明说,新冠疫情对全球儿童的教育造成了严重影响,而为教师接种新冠疫苗是使孩子们重回教学正轨的关键一步。

  福尔说,今年4月下旬疫情肆虐之时,学校普遍停课干扰了全球近90%学生的学习。随着许多国家新冠病例快速增加,大批学校关闭。截至12月1日,全球约有3.2亿名儿童和青少年因学校停课而无法上学。

  福尔强调,在为一线卫生工作者和高危人群接种新冠疫苗后,应尽快为教师们接种疫苗。这将有助于保护教师免受病毒感染,确保他们能够正常授课,进而使学校保持开放。

福尔说:“我们要尽我们所能保障下一代的未来。为此,首先就应从保护那些能够为他们开启未来之门的人开始。” (完)

Photo
12月14日,在美国纽约长岛犹太医疗中心,护士斯蒂芬妮•凯尔(左)接种新冠疫苗。新华社记者王迎摄