Connect with us

International Organizations

၂၀၂၀ ပြည့်နှစ် နိုဘယ်လ်ဆုပေးပွဲအခမ်းအနားအား ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းမှ တစ်ဆင့်ကျင်းပခဲ့

၂၀၁၉ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ရရှိသူအား ကြေညာသည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စတော့ဟုမ်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

၂၀၂၀ ပြည့်နှစ် နိုဘယ်လ်ဆုများဖြစ်ကြသည့် ရူပဗေဒဆု ၊ ဓာတုဗေဒဆု ၊ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာဆုများ၏ ဆုပေးပွဲအခမ်းအနား နှင့် စီးပွားရေးဆိုင်ရာဆုများ ပေးအပ်ခြင်း အခမ်းအနားအား COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဒီဇင်ဘာ ၁၀ ရက် တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကျင်းပသည့် နေရာအား ပထမဆုံးအကြိမ် အဖြစ် ဆွီဒင် နိုင်ငံ မြို့တော်ရှိ စတော့ဟုမ်းမြို့တော် ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်၏ ရူပဗေဒ နိုဘယ်လ်ဆုအား ဗြိတိန်နိုင်ငံ သိပ္ပံပညာရှင် Roger Penrose ၊ ဂျာမနီ နိုင်ငံ သိပ္ပံပညာရှင်Reinhard Genzel နှင့် အမေရိကန်နိုင်ငံသိပ္ပံပညာရှင် Andrea Mia Ghez တို့ရရှိခဲ့ကြပြီး ဓာတုဗေဒ နိုဘယ်လ်ဆုအား ပြင်သစ်နိုင်ငံ အမျိုးသမီးသိပ္ပံပညာရှင် Emmanuelle Charpentier နှင့် အမေရိကန် နိုင်ငံ အမျိုးသမီးသိပ္ပံပညာရှင် Jennifer Anne Doudna တို့က ရရှိခဲ့ကြသည်။ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးဘက်ဆိုင်ရာနိုဘယ်လ်ဆု အား အမေရိကန်နိုင်ငံ သိပ္ပံပညာရှင် Harvey J. Alter ၊ အမေရိကန်နိုင်ငံ သိပ္ပံပညာရှင် Charles M နှင့် ဗြိတိန်နိုင်ငံ သိပ္ပံပညာရှင် Michael Houghton တို့အားပေးအပ်ချီးမြှင့်ခဲ့ပြီး အနုပညာ နိုဘယ်လ်ဆုကို အမေရိကန်နိုင်ငံ အမျိုးသမီး ကဗျာဆရာမ LouiseGlück အား ပေးအပ်ချီးမြှင့်ခဲ့ကာ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို Paul Milgrom နှင့် Robert Wilson တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားကျင်းပစဉ်အတွင်း ဆွီဒင်နိုင်ငံဘုရင် Carl XVI Gustaf က အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားပေးခဲ့ပြီး နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီ မှ ကိုယ်စားလှယ်များကလည်း နိုဘယ်လ်ဆု ရရှိသူ တို့၏ အောင်မြင်မှု ရလဒ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ ဒီဇင်ဘာ ၆ ရက် မှ ၉ ရက် နေ့အထိ အထက်ဖော်ပြပါ နိုဘယ်လ်ဆု ရရှိသူများက သက်ဆိုင်ရာ နိုင်ငံများတွင် နိုဘယ်လ်ဆုများကို လက်ခံရယူခဲ့ကြပြီး ၎င်းတို့ နိုဘယ်လ်ဆု လက်ခံရယူသည့် ဗီဒီယိုဖိုင်အား ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်သော အခမ်းအနားတွင် အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်သည် ဆွီဒင်နိုင်ငံ ဓာတုဗေဒ နှင့် တီထွင်ဆန်းသစ်မှု သိပ္ပံပညာရှင် နိုဘယ်လ် ကွယ်လွန်သည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ နှစ်စဉ် နိုဘယ်လ် ဆုပေးပွဲအခမ်းအနားအား ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်ရန် စီစဉ်လေ့ရှိပြီး ယခုနှစ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော နိုဘယ်လ်ဆုပေးပွဲ ညစာစားပွဲအခမ်းအနား ကိုလည်း ဖျက်သိမ်းလိုက်ကြောင်းသိရှိရသည်။ ယခုနှစ်၏ နိုဘယ်လ်ဆု ဆုကြေးငွေမှာ ဆွီဒင်ငွေ ခရိုနော် ၁၀ သန်းဖြစ်ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၁.၁၈ သန်းခန့်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)2020年诺贝尔奖颁奖仪式因疫情改为线上举行

  新华社斯德哥尔摩12月10日电(记者付一鸣)2020年诺贝尔物理学奖、化学奖、生理学或医学奖、文学奖以及经济学奖颁奖仪式因新冠疫情10日改为线上举行,活动地点也首次改在瑞典首都斯德哥尔摩市政厅。
  获得今年诺贝尔物理学奖的是英国科学家罗杰•彭罗斯以及德国科学家赖因哈德•根策尔和美国科学家安德烈娅•盖兹;化学奖得主为法国女科学家埃玛纽埃勒•沙尔庞捷和美国女科学家珍妮弗•道德纳;生理学或医学奖被授予美国科学家哈维•阿尔特、查尔斯•赖斯以及英国科学家迈克尔•霍顿;文学奖被授予美国女诗人路易丝•格吕克;经济学奖则由美国经济学家保罗•米尔格罗姆和罗伯特•威尔逊获得。
  线上颁奖仪式上播放了瑞典国王卡尔十六世•古斯塔夫的致辞。各奖项的评选委员会代表分别按惯例宣读获奖者的成就。12月6日至9日期间,上述诺贝尔奖得主在各自国家获颁相关奖项。他们的领奖视频于10日在线上颁奖仪式上予以展示。
  诺贝尔基金会主席卡尔-亨里克•赫尔丁在致辞中说,虽然新冠疫情致使获奖者无法亲赴斯德哥尔摩领奖,但他很高兴获奖者得以在各自国家领取奖章和证书。
  赫尔丁表示,诺贝尔奖表明人类有能力不断寻找解决方案,以应对面临的艰巨挑战。在今年深受新冠疫情影响的时刻,突出科学、文学和人道主义方面的努力显得更为重要。“这些努力激励着我们,并为我们带来未来的希望。”
  12月10日是瑞典化学家和发明家诺贝尔的逝世纪念日,每年的诺贝尔奖颁奖典礼都安排在这一天举行。当晚一年一度的诺贝尔奖颁奖晚宴也因疫情取消。今年每项诺贝尔奖的奖金为1000万瑞典克朗(约合118万美元)。(完)

Photo
这是10月7日在瑞典斯德哥尔摩的卡罗琳医学院拍摄的2019年诺贝尔生理学或医学奖公布现场。 新华社记者郑焕松摄