Connect with us

International Organizations

ကမ္ဘာ့ လူဦးရေ သန်း ၃၀၀ ကျော်မှာ စိတ်ဓာတ်ကျရောဂါ ခံစားနေရကြောင်း WHO ကခန့်မှန်း

စိတ်ကျရောဂါကြောင့် ၂၀၁၄ ခုနှစ်က မိမိကိုယ်ကို အဆုံးစီရင်သွားသူ အော်စကာဆုရှင် အမေရိကန် မင်းသားကြီး ရော်ဘင် ဝီလျံအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၃၀၀ ကျော်မှာ စိတ်ဓာတ်ကျရောဂါ ခံစားနေရပြီး ယင်းအချက်သည် ကျန်းမာရေး ချို့ယွင်းမှုနှင့် မသန်စွမ်းမှု ဖြစ်ပွားစေရန် ဦးတည်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က နောက်ဆုံး တွက်ချက်ထားသည့် ခန့်မှန်းချက်အရ သိရသည်။

“ဒီ အချက်အလက်သစ်က ကမ္ဘာပေါ်က လူတွေ အားလုံးကို ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ထိုက်တန်တဲ့ ဆေးကုသမှုတွေ အရေးတကြီး လုပ်ဆောင်ရန် ပြန်စဉ်းစားရဖို့ လှန့်နိုးလိုက်သလိုပါပဲ” ဟု WHO ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။စိတ်ဓာတ်ကျရောဂါ ခံစားနေရသူ အရေအတွက်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည့် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်စေသည့်အချက်မှာ စိတ်ကျဝေဒနာ ခံစားရခြင်းကြောင့် ဖြစ်သည်။

စိတ်ကျဝေဒနာ ခံစာရခြင်း ပထမအဆင့်မှာ ကျိုးကြောင်းမဆင်ခြင်ဘဲ မိမိထင်မြင်ချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းများကြောင့်ဟု ဆိုသည်။နိုင်ငံများအနေဖြင့် ယင်းအချက်နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် လိုအပ်နေသေးကြောင်း၊ နိုင်ငံအများစုတွင် လူထုအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အစီစဉ်မကျမှု ထောက်ပံ့ပေးမှုများ လုံးဝ သို့မဟုတ် အနည်းငယ်သာ ရှိသေးကြောင်း၊ ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင်တောင်မှ လူဦးရေ ၅၀ ရာခိုင်နှုန်းမှာ စိတ်ကျရောဂါအတွက် ကုသမှု မရရှိကြောင်း သိရသည်။

ပျမ်းမျှအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှုတွင် အစိုးရ၏ ဘတ်ဂျက် သုံးရာခိုင်နှုန်းသာ သုံးစွဲကြပြီး အသေးစိတ်ခွဲခြမ်းကြည့်ပါက ဝင်ငွေနည်း နိုင်ငံများတွင် တစ်ရာခိုင်နှုန်းမှ ဝင်ငွေများ နိုင်ငံများတွင် ငါး ရာခိုင်နှုန်း စသဖြင့်သာ သုံးစွဲလျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.