Connect with us

International Organizations

အမေရိကန် နိုင်ငံ မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည့် အပေါ် ဝမ်းနည်းကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဧပြီလ ၄ ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ က ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့သည့် အပေါ် ဝမ်းနည်းကြောင်း ပါဝင်ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ Dujarric က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြေညာချက်ကို ဖတ်ကြားပေးခဲ့ပြီး ဂူတာရက်စ် အနေဖြင့် အမေရိကန် နိုင်ငံ မှ ယခု ကဲ့သို့သော ဆုံးဖြတ်ချက် ချမှတ် ခဲ့ခြင်းသည် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၏ လုပ်ငန်းသဘာဝ နှင့် အရေးပါပုံကို သိကျစွာ မသိရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ က လက်ရှိချိန်တွင် ကမ္ဘာ့ဒေသ အသီးသီး ရှိ နိုင်ငံ နှင့် ဒေသ ပေါင်း ၁၅၀ ကျော်၏ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်နေပြီး အမျိုးသမီး မျိုးဆက်ပွား ကျန်းမာရေး နှင့် မျိုးဆက်ပွား ဆိုင်ရာ လုံခြုံရေး စသည့် လုပ်ငန်းများကို အဓိကထားဆောင်ရွက် ခဲ့ကြောင်း ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ ၏ ရန်ပုံငွေသည် ကမ္ဘာ့ နိုင်ငံ အသီးသီး မှ အစိုးရ ၊ နိုင်ငံ တကာအဖွဲ့အစည်း ၊ ပုဂ္ဂလိက အဖွဲ့အစည်း ၊ ရန်ပုံငွေ အဖွဲ့အစည်း နှင့် တစ်ဦးတစ်ယောက်ခြင်း စသည်တို့မှ မိမိသဘော အလျောက် ထောက်ပံ့လှူဒါန်းခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့အနေဖြင့် ကမ္ဘာ့ဒေသ အသီးသီး မှ ရရှိခဲ့သည့် လှူဒါန်းငွေ မှ အမေရိကန် ဒေါ်လာ ၉၇၉ သန်းရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ဧပြီလ ၃ ရက်နေ့က ၂၀၁၇ ဘတ်ဂျက် အတွင်းမှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့သို့ လှူဒါန်းရန် လျာထားသည့် ၃၂.၅ သန်းကို ချန်လှပ်ထား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.