Connect with us

International Organizations

လူပေါင်းများစွာသေဆုံးခဲ့ရသည့် ကဘူးမြို့ တိုက်ခိုက်ခံရခြင်းအား ကုလသမဂ္ဂ ရှုတ်ချ

ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ ဝင်နိုင်ငံများ အစည်းအဝေးပြုလုပ်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၂ ရက်(ဆင်ဟွာ)

လူ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့၌ မတ်လ ၁ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား “ ရိုင်းစိုင်းယုတ်မာသော ၊ သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှု” အဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။

ကဘူးမြို့အနောက်ဘက်ပိုင်းရှိ ရဲစခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာလီဘန်အကြမ်းဖက်အဖွဲ့က ကြေညာထားသည်။

“ တာလီဘန် ၊ အယ်လ်ကိုင်းဒါး ၊ အိုင်အက်စ် ၊ Levant (ISIL/Da’esh) နဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေဟာ ဒေသတွင်းပြည်သူတွေ ၊ စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့တွေ နဲ့အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာ စိုးရိမ်စရာဖြစ်နေတယ်ဆိုတာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုခဲ့ပြီးပါပြီ” ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ အဲဒီအကြမ်းဖက်ဝါဒကို ကူညီထောက်ပံ့နေသူတွေ ၊ ငွေကြေးထည့်ဝင်နေသူတွေ ၊ အဖွဲ့အစည်းတွေ နဲ့ပါဝင်ပတ်သက်နေသူတွေအားလုံးကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဆောင်ဖို့လိုအပ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ဒါ့အပြင် အာဖဂန်နစ္စတန်နိုင်ငံ အာဏာပိုင်အဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ နဲ့နိုင်ငံတကာဥပဒေတွေအတိုင်း တာဝန်ရှိသူတွေကို အရေးယူမှုတွေလုပ်သွားဖို့ နိုင်ငံအားလုံးကို တိုက်တွန်းထားပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.