Connect with us

Africa & Middle East

ကင်ညာနိုင်ငံ Lamu တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ဆိပ်ကမ်း၌ ပထမဆုံးသင်္ဘော မကြာမီ ဆိုက်ကပ်နိုင်မည်ဟုဆို

ကင်ညာနိုင်ငံ Lamu ဆိပ်ကမ်းရှိ သင်္ဘောကျောက်ချရပ်နားရာ နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ မေ ၉ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ ကမ်းရိုးတန်းမြို့ငယ် Lamu တွင် တရုတ်နိုင်ငံမှ တည်ဆောက်ထားသောပင်လယ်ဆိပ်ကမ်း၌ မေ ၂၀ ရက်တွင် ပထမဆုံး သင်္ဘော ဆိုက်ကပ်မည် ဖြစ်ကြောင်း ကင်ညာနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Communication Construction ကုမ္ပဏီက ကင်ညာနိုင်ငံ ဒုတိယ စီးပွားရေးဆိပ်ကမ်း၏ သင်္ဘောကျောက်ချရပ်နားရာနေရာ ဆိပ်ခံတံတားအမှတ် ၁ အား တည်ဆောက်ပြီးစီးခဲ့ပြီးဆိပ်ခံတံတား အပိုင်းနှစ် နှင့် အပိုင်းသုံးတို့ကို အောက်တိုဘာလတွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း အမျိုးသားဘဏ္ဍာရေးဌာနက မေ ၆ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံ Lamu ဆိပ်ကမ်း၌ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

သင်္ဘော ဆိပ်ခံတံတား သုံးပိုင်း ပါဝင်သော ဆိပ်ကမ်း၏ ပထမအဆင့် တည်ဆောက်မှုအား၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး နောက်ဆက်တွဲ အဆင့်များအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့်နောက်ဆုံးတွင် ၁၀ ကီလိုမီတာ အရှည်ရှိသော ကမ်းတစ်လျောက်တွင် သင်္ဘောဆိပ်ခံတံတား၂၃ ခု ရှိမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဌာနထံမှ သိရသည်။

ကုန်ပစ္စည်း ကူးသန်းသွားလာမှုအား ကိုင်တွယ်ရန် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်သည် ၂၀၃၀ခုနှစ်တွင် တန်ချိန် ၂၃ ဒသမ ၉ သန်းထိ အတင်အချ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Vision 2030 ရည်မှန်းချက်ဖြစ်သည့် ကင်ညာနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအောက်တွင် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းဖြစ်သော Lamu ဆိပ်ကမ်းသည်ကုန်းတွင်းပိတ် တောင်ဆူဒန် နိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံတို့အား အိန္ဒိယသမုဒ္ဒရာနှင့်ချိတ်ဆက်ပေးသည့် သယ်ယူပို့ဆောင်ရေးစင်္ကြံတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Kenya says Chinese-built port in Lamu to receive first ship soon
NAIROBI, May 8 (Xinhua) — A Chinese-built seaport in Kenya’s coastal county of Lamu will receive its first ship on May 20, the Kenyan government has said.
China Communication Construction Company has completed construction of berth one of the country’s second commercial port, while berths two and three will be completed by October, the National Treasury said in a statement on Thursday.
The Treasury said the construction of the first phase of the port, comprising three berths, started in 2015, while subsequent phases will be undertaken by the private sector under a public-private partnership framework and eventually result in 23 berths along its 10 km shore length.
The port’s capacity to handle cargo traffic will reach 23.9 million tons by 2030.
A flagship infrastructure project under Kenya’s national development blueprint, Vision 2030, the port of Lamu creates a transport corridor that links landlocked South Sudan and Ethiopia to the Indian Ocean. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.