Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ ၏ အကြီးဆုံးသော အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC ) တရားဝင် ဖျက်သိမ်းပြီး လက်နက်များ စွန့်လွှတ်

ကိုလံဘီယာ နိုင်ငံ သမ္မတ နှင့် FARC လက်နက်ကိုင် တပ်ဖွဲ့ ၏ ခေါင်းဆောင် တို့မှ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့စဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကိုလံဘီယာ နိုင်ငံ ဆိုင်ရာ နိုင်ငံရေး အထူး ကိုယ်စားလှယ် အဖွဲ့က ကိုလံဘီယာ နိုင်ငံ ၏ အကြီးဆုံးသော အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ (FARC ) မှ လက်နက်များ ပေးအပ်ခြင်း၏ တတိယ အဆင့်ကို အားလုံးပြီးစီးခဲ့ပြီး ထိုအဖွဲ့အား တရားဝင် ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

အထူး ကိုယ်စားလှယ် အဖွဲ့ က ဇွန်လ ၂၀ ရက်နေ့ မှ စတင်၍ FARC ၏ တတိယ အဆင့် သို့မဟုတ် နောက်ဆုံး အဆင့် လက်နက်ပေးအပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ အဖွဲ့ဝင် ၄၅၀ ဦး ပါဝင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် FARC တပ်ဖွဲ့ဝင် တည်ရှိရာ တပ်စခန်း ၂၆ ခု သို့သွားရောက် ခဲ့ပြီး လက်နက်များကို စာရင်းပြုစုကာ သိမ်းဆည်းမှု များကို ပြုလုပ်ပေး ခဲ့ကြသည်။

အထူး ကိုယ်စားလှယ် အဖွဲ့၏ ထုတ်ပြန်ချက်တွင် လက်နက်များ ပြန်လည်သယ်ဆောင်ပြီး နောက်တွင် တပ်စခန်းများအား နည်းစနစ်လေ့ကျင့်ရေး စခန်းအဖြစ် ထားရှိသွားမည် ဖြစ်ပြီး FARC လက်နက်ကိုင် အဖွဲ့ဝင် များအား လူ့ပတ်ဝန်းကျင်သို့ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်ရန် အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ သိမ်းဆီး ရရှိသည့် လက်နက်အားလုံးကို ဖျက်ဆီးသွားမည် ဖြစ်ပြီး ထိုနောက်တွင် အထိမ်းအမှတ် ကျောက်တိုင် သုံးခု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ၎င်းတို့အား ကိုလံဘီယာ ၊ ကျူးဘား မြို့တော် ဟာဗာနာ နှင့် အမေရိကန် နိုင်ငံ နယူးယောက် တို့တွင် ထားရှိသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အထူးကိုယ်စားလှယ် အဖွဲ့ က လာမည့် စက်တင်ဘာလ ၁ ရက်နေ့မတိုင်မှီ FARC ၏ တပ်စခန်း ၉၀၀ ကျော်ကို လက်ခံသွားမည် ဖြစ်ပြီး လက်ရှိချိန်တွင် ၇၇ ခုကိုလက်ခံပြီးစီးကာ လက်နက်များကို ပြန်လည် သိမ်းဆည်း ခဲ့ကာ စစ်ရေးအထောက်အကူပြု ပစ္စည်းများ နှင့် ပေါက်ကွဲစေသည့် ပစ္စည်းများကို ဖျက်ဆီး လိုက်ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ၂၀ ရာစု ၁၉၆၀ နှစ်ပိုင်း မှ စတင်၍ FARC လက်နက်ကိုင် တပ်ဖွဲ့ နှင့် အစိုးရ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှု ကြောင့် လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာသော လူများ နေအိမ်များကို စွန့်ခွာ ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ၌ ကိုလံဘီယာ အစိုးရ နှင့် FARC လက်နက်ကိုင် တပ်ဖွဲ့ တို့မှ ဆွေးနွေးမှု စတင်ကျင်းပ ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ တွင် ဘက်စုံငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ် ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သဘောတူညီမှု စာချုပ်သည် ယင်းနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပ ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာ သဘောထား မဲပေးမှု တွင် ငြင်းဆိုခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ကိုလံဘီယာ နိုင်ငံ သမ္မတ မှ နိုဝင်ဘာ ၂၄ ရက်နေ့တွင် FARC လက်နက်ကိုင် တပ်ဖွဲ့ ၏ ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ် အသစ်ကို ချုပ်ဆိုခဲ့ပြီးနောက်တွင် လွှတ်တော်၏ အတည်ပြုမှု ကို ရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.