Connect with us

Latin America

ဘရာဇီး ဆယ်ကျော်သက် ကစားသမား ဒေါက်ဂလက်စ်ကို ခေါ်ယူရန် မန်ချက်စတာစီးတီး မျက်စိကျနေ

ဘရာဇီးဆယ်ကျော်သက် ဘောလုံးအကျော်အမော် ဒေါက်ဂလက်စ် အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မန်ချက်စတာစီးတီး ဘောလုံးအသင်းသည် Vasco de Gama အသင်း၏ ဘရာဇီး U-20 ကွင်းလယ်ကစားသမား ဒေါက်ဂလက်စ်ကို ခေါ်ယူရေး လက်မှတ်ထိုးရန် ပြင်ဆင်နေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာစီးတီးအသင်းသည် အသက် ၁၉ နှစ်သာ ရှိသေးသည့် ဘရာဇီးကွင်းလယ်လူကို အကဲခတ် လေ့လာရန် ဇွန်လ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေ ချန်ပီယံရှစ်ပြိုင်ပွဲ Vasco အသင်းက Atletico Goianiense အသင်းအား ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အား သွားရောက်ကြည့်ရှုခဲ့ကြောင်း Lance သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ဒေါက်ဂလက်စ်သည် ရီယိုဒီဂျနေရိုမြို့အခြေစိုက် Vasco အသင်းနှင့် ၂ဝ၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး ၊ ၎င်း၏ အပြောင်းအရွှေ့အတွက် စာချုပ်ကို ဖျက်သိမ်းရန် အမေရိကန်ဒေါ်လာ သန်း ၃ဝ ထိ ပေးရမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

၎င်းသည် ကလပ်အသင်း လူငယ် အကယ်ဒမီကျောင်းမှ ပြီးခဲ့သောနှစ်တွင် အဆင့်တိုးမြင့်ခံရပြီးနောက် Vasco အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားခွင့် ရခဲ့သည်။ ထို့ပြင် ဘရာဇီး ယူ ၂ဝ ဘောလုံးအသင်းအတွက် ငါးကြိမ် ပါဝင်ကစားခွင့်ရထားသော ဆယ်ကျော်သက် ကစားသမားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.