Connect with us

Latin America

ဆေးလိပ်တစ်နေ့ တစ်ဘူး သောက်သုံးပါက နှစ်စဉ် အဆုတ်အတွင်း ဗီဇပြောင်းလဲမှု ၁၅၀ ခန့်ဖြစ်ပွား

ဈေးကွက်တွင်ရောင်းချနေသည့် ဆေးလိပ်အမျိုးအစားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ)

တစ်ရက်လျှင် ဆေးလိပ် တစ်ဘူးသောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇပြောင်းလဲမှု ၁၅၀ကျော်ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သိရပြီး အဆိုလေ့လာချက်သည် ဆေးလိပ်သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။

အဆိုပါလေ့လာချက်အရ ဆေးလိပ် တစ်နေ့တစ်ဘူး သောက်သုံးမှုသည် အဆုတ်အပြင် အခြားသော အင်္ဂါအစိတ်အပိုင်းများတွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိစေကြောင်း သိရသည်။

Los Alamos အမျိုးသား ဓါတ်ခွဲခန်း တွဲဖက်ဦးဆောင်သူ စာရေးဆရာ Ludmil Alexandrov က ယခင်က ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာရောဂါ ဆက်စပ်နေသည့် သိသာထင်ရှားသော သက်သေသာဓကများ ရှိခဲ့ပြီး ယခုအခါ ဆေးလိပ်သောက်ခြင်းကြောင့် DNA အတွင်းရှိ မော်လီကျူးပြောင်းလဲမှုများအား အမှန်တကယ် လေ့လာတွက်ချက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်အား ယခုအပတ်ထုတ် အမေရိကန် သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဆေးလိပ်တွင် ကင်ဆာရောဂါဖြစ်ပွားစေသည့် ဓာတုပစ္စည်း ၇၀ကျော်အပါအဝင် ဓာတုပစ္စည်း ၇,၀၀၀ကျော် ပါဝင်နေကြောင်း သိရသည်။ ယခင်လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်ငွေ့နှင့် တိုက်ရိုက်ထိတွေ့မှုမရှိသည့် တစ်သျှူးအတွင်း ကင်ဆာဖြစ်ပွားမှုအပါအဝင် ကင်ဆာ ၁၇မျိုးဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုသည် ဆေးလိပ်သောက်သုံးမှုနှင့် ဆက်စပ်နေသည်ကို သိရှိခဲ့သော်လည်း ဆေးလိပ်သောက်သုံးခြင်းကြောင့် မည်သို့ ကင်ဆာရောဂါဖြစ်ပွားလာကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိသေးကြောင်း သိရသည်။

ယင်းအကြောင်းအရာအား လေ့လာရန် သုတေသန ပညာရှင်များသည် ကင်ဆာအကျိတ်ပေါင်း ၅,၀၀၀ ကျော်အား ဆန်းစစ်ကာ ဆေးလိပ်သောက်သူ၏ ကင်ဆာအကျိတ် နှင့် ဆေးလိပ်လုံးဝမသောက်သုံးသူ၏ ကင်ဆာအကျိတ် တို့ကို နှိုင်းယှဉ်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့လေ့လာရာ၌ ပညာရှင်များသည် အထူးသဖြင့် ဗီဇပြောင်းလဲမှုဆိုင်ရာထင်ရှားသည့် အမှတ်သင်္ကေတများ ဟုခေါ်သည့် DNA ပျက်စီးမှု၏ ပုံမှန်မဟုတ်သည့် မော်လီကျူးဖွဲ့စည်းပုံများကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ကင်ဆာအကျိတ်အမျိုးမျိုး ၌ ယင်း ပုံမှန်မဟုတ်သည့် မော်လီကျူးဖွဲ့စည်းပုံများကို ရေတွက်ခဲ့ရာ ပညာရှင်များသည် အနည်းဆုံး DNA ပျက်စီးမှု၏ ကွဲပြားသော ဖြစ်စဉ် ၅ခုသည် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဆေးရွက်ကြီးပါဝင်သည့် ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်း ၆သန်းထက်မနည်း သေဆုံးလျက်ရှိပြီး ယခုအရေအတွက်နှုန်းဖြင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေပါက ၂၁ရာစုနှစ်အတွင်း ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးသူဦးရေသည် တစ်ဘီလီယံရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ခန့်မှန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.