Connect with us

Latin America

နိုဝင်ဘာလ ၂၀ ရက်အတွက် ကိုလံဘီယာ ငြိမ်းချမ်းရေး သဘောတူညီချက်အသစ် အဆင်သင့်ရှိဟု စေ့စပ်ညှိနှိုင်းသူက ပြောကြား

ကိုလံဘီယာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့စဉ်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

FARC နှင့်အတူ အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုလံဘီယာ အထက်လွှတ်တော် အမတ် Roy Barreras က နိုဝင်ဘာလ ၂၀ တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး သဘောတူညီချက်သစ်က အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ သဘောတူညီချက်သစ် တစ်ခု ရှိပါတယ်၊ ကိုလံဘီယာ ပြည်သူတွေရဲ့ သံသယတွေကို ဖြေရှင်းပေးနိုင်ပြီး ယုံကြည်မှု ရှိစေမည့် စစ်ပြီးဆုံးစေမဲ့ အဓိက အစီရင်ခံစာ၊ FARC ကို လက်နက်စွန့်လွှတ်စေမှာ ဖြစ်သလို လူမှု အသိုင်းအဝိုင်းနဲ့ ပြန်လည် ချိတ်ဆက်ပေးနိုင်မှာ ဖြစ်တယ်” လို့ Radio Caracol နှင့် အင်တာဗျူး၌ Barreras က ပြောကြားခဲ့သည်။

ယင်းသည် နိုဝင်ဘာလ ၂၀ ရက် မတိုင်မီတွင် ဖြစ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုလံဘီယာ အစိုးရနှင့် FARC တို့၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များသည် အောက်တိုဘာလ ၂ ရက်တွင် ရရှိခဲ့သည့် မူလ ငြိမ်ချမ်းရေး သဘောတူညီချက်အား နိုင်ငံတစ်ဝန်းက ကန့်ကွက်မှုများ ရရှိခဲ့ပြီးနောက် ဆွေးနွေးမှုများအား ဟာဗာနား၌ ပြန်လည် စတင်ခဲ့သည်။

ဆန္ဒမဲပေးရာတွင် ကန့်ကွက် ဆန္ဒမဲပေးခဲ့သည့် “No” အဖွဲ့မှ ခေါင်းဆောင်များလည်း နောက်ဆုံး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်းနှင့် ဘက်ပေါင်းစုံအားလုံးမှ နီးကပ်စွာ ဆွေးနွေးခဲ့သည့်အတွက် အရေးပါသည့် တိုးတက်မှု ရှိခဲ့ကြောင်း Barreras က ပြောကြားခဲ့သည်။

ဆန္ဒမဲပေးခဲ့စဉ်ကတည်းက သမ္မတ ဂျွန် မန်နူရယ် ဆန်တို့စ်က စေ့စပ်ညှိနှိုင်းရေးအဖွဲ့အား ခန့်အပ်ထားခဲ့ပြီး ဒီမိုကရက်တစ် ပါတီ ဦးဆောင်သည့် ကန့်ကွက် ဆန္ဒမဲပေးသော အဖွဲ့နှင့် ပုံမှန် အစည်းအဝေး ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခက်ခဲဆုံး ကိစ္စ သုံးခုမှာ FARC အဖွဲ့ဝင်များ၏ နိုင်ငံရေး ပါဝင်ပတ်သက်မှု၊ နစ်နာဆုံးရှုံးသူများအတွက် စစ်လျော်ကြေး ကိစ္စများနှင့် FARC ပြောက်ကျား တပ်ဖွဲ့များအား ထောင်ချသင့်သလား စသည့် ကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း သဘောတူညီချက်သစ်သည် FARC ထိန်းချုပ်ထားသည့် ဧရိယာတွင် အကြမ်းဖက်မှုများ ဖြစ်နိုင်ခြေများအား မြန်နိုင်သမျှ မြန်မြန် ညှိနှိုင်းဆွေးနွေးပေးလိမ့်မည် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.