Connect with us

Latin America

ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ချီလီသမ္မတ နှင့် ကော်စတာရီကာသမ္မတတို့ဂုဏ်ပြုလွှာပေးပို့

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ချီလီနိုင်ငံသမ္မတ Michelle Bachelet တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဆန်တီယာဂို ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနတည်ထောင်ခြင်း ၈၅ နှစ်မြောက်အခမ်းအနားသို့ ချီလီနိုင်ငံသမ္မတ Michelle Bachelet နှင့်ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။

ချီလီနိုင်ငံသမ္မတ Bachelet မှ ဆင်ဟွာသတင်းဌာနဥက္ကဋ္ဌ Cai Mingzhao ထံသို့နိုဝင်ဘာလ ၂ ရက်က ပေးပို့သော သဝဏ်လွှာတွင် “ ဆင်ဟွာသတင်းဌာန၏ ၈၅ နှစ်မြောက်အခါသမယတွင် ဌာနတွင်းလုပ်ကိုင်နေကြသူအားလုံး အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ” ဖော်ပြပါရှိသည်။

“ တရုတ်-ချီလီနှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်၇င်းနှီးမှု ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့အပြန်အလှန်နားလည်မှုကို ဆင်ဟွာသတင်းအေဂျင်စီက ဆောင်ယူပေးခဲ့ပါတယ်” ဟု Bachelet ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် ကော်စတာရီကာနိုင်ငံသမ္မတ Luis Guillermo Solis ၏ ဆင်ဟွာသတင်းဌာနပေးပို့သော သဝဏ်လွှာတွင် “ ကော်စတာရီကာနိုင်ငံကနေ ပြီး သဝဏ်လွှာပေးပို့လိုက်ပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ၈၅ နှစ်မြောက် အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ရေးသားထားသည်။

ထို့ပြင် ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားအမြင်များကို ဖော်ပြပေးရန် နောင်နှစ်ပေါင်းများစွာဆက်လက်တည်ရှိပါစေကြောင်း နှင့် လူသားအားလံုံးအတွက် ငြိမ်းချမ်းခြင်းများကို ဆောင်ယူလာပေးနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း Solis က ရေးသားထားသည်။

ဆင်ဟွာသတင်းအေဂျင်စီကို ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် Red China News Agency အဖြစ် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Ruijin မြို့၌ စတင်တည်ထောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Yanan မြို့၌ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဆင်ဟွာသတင်းအေဂျင်စီဟူသော အမည်ကို စတင်ခေါ်တွင်ခဲ့ကြောင်းသိရသည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီးနောက်တွင် ဆင်ဟွာသတင်းအေဂျင်စီသည် နိုင်ငံပိုင်သတင်းဌာနဖြစ်လာသည်။

၈၅ နှစ်တာကာလအတွင်း ဆင်ဟွာသတင်းအေဂျင်စီသည် တရုတ်နိုင်ငံအတွင်း၌ ပြည်တွင်းဗျူရိုပေါင်း ၃ဝ ကျော် နှင့် ကမ္ဘာတစ်ဝန်းတွင် ဌာနခွဲ နှင့် ဗျူရိုပေါင်း ၁၈ဝ ကျော်ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.