Connect with us

Latin America

ဗင်နီဇွဲလားက မီးအမှောင်ကျမှု အဆုံးသတ်ရေး ရှေ့ဆက်ဆောင်ရွက်မည့် အချက်များကို ထုတ်ပြန်

မီးအမှောင်ကျနေသော ဗင်နီဇွဲလားနိုင်ငံ ကာရာကာ့စ် မြို့ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကာရာကာ့စ်၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအစိုးရက နိုင်ငံအတွင်း မတ် ၇ ရက် ညနေပိုင်းမှ စ၍ ဖြစ်ပေါ်နေသည့် မီးအမှောင်ကျမှု အဆုံးသတ်ရေး ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် လေးခုကို မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စီမံကိန်းဝန်ကြီးဌာနဝန်ကြီး Ricardo Menendez က လျှပ်စစ်မီးဖြန့်ဖြူးရေးစနစ်ချွတ်ယွင်းမှုများ ဆက်လက် ဖြစ်ပေါ်နေလင့်ကစား အစားအသောက်ဖြန့်ချိရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုများအတွက် လျှပ်စစ်မီးရရှိရန် ရည်မှန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကာရာကာ့စ်မြို့ အခြေစိုက် Telesur ရုပ်မြင်သံကြားသတင်းဌာန နှင့်ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတွင် Menendez က ပထမခြေလှမ်းအနေဖြင့် ဆေးဖက်ဆိုင်ရာကိစ္စရပ်များတွင် အနီးကပ်စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဒုတိယနှင့်တတိယခြေလှမ်းများအဖြစ် နိုင်ငံအတွင်းရှိ မိသားစုဝင်များအတွက် ဓာတ်ငွေ့ နှင့် ရေပေးဝေ ရေစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စတုတ္ထရည်မှန်းချက်မှာ အိမ်ထောင်စုများအတွက် အစားအသောက်ဖြန့်ချိရေးကိစ္စရပ်များဆောင်ရွက်သော နိုင်ငံ၏ CLAP အစီအစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် အာမခံသွားရေး ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံသည် အထီးကျန်နိုင်ငံဖြစ်မှု နှင့် စွမ်းအင်မလုံလောက်မှု ပြဿနာကို ယခင်ကလည်း ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် ယခုတစ်ကြိမ်သည် ရက်များစွာကြာရှည်ခဲ့သလို နိုင်ငံအတွင်း သက်ရောက်မှုလည်း ကြီးမားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် အမေရိကန်ကကျောထောက်နောက်ခံပြုထားသည့် လက်ယာစွန်း အတိုက်အခံအုပ်စု နှင့် ပူးပေါင်းဆောင်ရွက်သော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ အလုပ်သမားများ၏ အဖျက်အမှောင့်လုပ်ငန်းတစ်ရပ် အဖြစ် အစိုးရက ပြစ်တင်ပြောကြားထားပြီး သမ္မတ နီကိုလပ်စ်မာဒူရို နှင့် အာဏာရပါတီ အင်အားချိနဲ့အောင် လုပ်ဆောင်သည့် အစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဆိုသည်။

ဗင်နီဇွဲလားအတိုက်အခံ နှင့် အမေရိကန်နိုင်ငံကမူ ထိုသို့လျှပ်စစ်မီး မရရှိမှုမှာ အကျင့်ပျက်ခြစားမှု နှင့် မှားယွင်းသောစီမံခန့်ခွဲမှု စနစ်ကြောင့်ဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထုတ်လုပ်မှုအပိုင်းတွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရာ ဒေါ်လာသန်းပေါင်းများစွာအထိ နစ်နာနေရဆဲ ကြောင်း Menendez က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံရှိ နေရာအနှံ့အပြားတွင် မတ် ၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီမှ စတင်ကာ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး အရေးကြီးသော နေရာများတွင် လျှပ်စစ်မီးပြန်ရရန် ဆောင်ရွက်နေသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လျှပ်စစ်မီးပြန်လည် ရရှိရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မာဒူရိုက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

နာရီအနည်းငယ် မီးပြန်ရစဉ် ကာရာကာ့စ်မြို့သူမြို့သားများသည် ပျော်ရွှင်ခဲ့ရသော်လည်း အလယ်ပိုင်း Miranda ပြည်နယ်တွင် မတ် ၁၁ ရက် နံနက်အစောပိုင်းက လျှပ်စစ်ပြတ်တောက်မှုများ တစ်ဖန် ပြန်လည်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Miranda ပြည်နယ်အုပ်ချုပ်ရေးမှူး Hector Rodriguez က ပြည်နယ်တစ်ခုလုံး၏ ၈ဝ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးပြန်ရပြီဖြစ်ကြောင်း “ ဒါပေမယ့် မတည်ငြိမ်မှုကတော့ ရှိနေဆဲပါပဲ” ဟု ဆိုသည်။

ပြည်သူများအနေဖြင့် လုပ်စရာရှိသည်များကို ကြိုတင်သတိပြု လုပ်ဆောင်သွားကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.