Connect with us

Latin America

ဘရာဇီးတွင် ရေကြီးမှုကြောင့် လူ ၁၁ဦးသေဆုံး

ဘရာဇီးနိုင်ငံတွင်ယခင်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လိုမြို့ နှင့် အခြားသော မြို့ပြဧရိယာများတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၁၁ရက်တွင်ပြောကြားခဲ့သည်။

မတ် ၁၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၅ဦး ရေနစ်သေဆုံးခဲ့ပြီး လူ ၆ဦးမှာ ရွှံ့များအောက်နစ်ကာ သေဆုံးခဲ့ကြောင်း ဆော်ပေါ်လိုမြို့ စစ်ရေးရဲတပ်ဖွဲ့၏ မီးသတ်ဌာန ၏ပြောကြားချက်အရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော်ပေါ်လိုမြို့ရှိ လမ်းမများ ရေလွှမ်းမိုးသွားခဲ့ပြီး ယင်းမြို့ နှင့် အနီးအနားရှိ မြို့များဖြစ်သော Santo Andre၊ Diadema၊ Sao Caetano နှင့် Sao Bernardo do Campoမြို့တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ဆော်ပေါ်လိုမြို့၏ ယာယီမြို့တော်ဝန် Eduardo Tuma က မတ်လ တွင် ရွာသွန်းမည့် မိုးရေချိန်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကို မတ် ၁၀ ရက် ညပိုင်းတွင် ဆော်ပေါ်လိုမြို့က ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

မိုးလေဝသခန့်မှန်းမှုများက လာမည့် နာရီများအတွင်း မိုးရွာသွန်းမှု နည်းပါးလာမည်ဟု ယူဆရသော်လည်း လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.