Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စာသင်ကျောင်း နှင့် အစိုးရရုံးများ ပိတ်ထားမှုကို အချိန်ထပ်မံတိုးမြှင့်

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို အားတွေ့ရစဉ် (ဆင်ဟွာ)

ကာရာကတ်စ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အစိုးရ သည် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေသည့်အတွက် စာသင်ကျောင်းများ နှင့် အစိုးရရုံးများ ပိတ်ထားမှုကို သုံးရက်မြောက်အဖြစ် ထပ်မံပိတ်ထားရန် မတ် ၁၁ ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

မတ် ၇ ရက်ကတည်းက လျှပ်စစ်ဓါတ်အားများ ပြတ်တောက်နေသဖြင့် လုပ်ငန်းများ နှင့် စာသင်ကြားမှုများကို မတ် ၁၂ ရက်အထိ အချိန်တိုးမြှင့်၍ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး Jorge Rodriguez ကပြောကြားခဲ့သည်။

စာသင်ကျောင်းများ နှင့် ရုံးများကို မတ် ၁၀ ရက် နှင့် ၁၁ရက်တွင် ပိတ်ထားခဲ့ကြောင်း သိရသည်။

Rodriguez က သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) သည် လုပ်ငန်းဆောင်တာများ နှင့် အတန်းပညာရပ်အဆင့်အားလုံး၏ စာသင်ခန်းများကို နောက်ထပ် ၂၄ နာရီ ထပ်မံရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် VTV ရုပ်သံလိုင်းသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

မူလတန်းကြို မှ တက္ကသိုလ် အဆင့်အထိ စာသင်ခန်းများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်က ကျောထောက်နောက်ခံပေးထားသော အတိုက်အခံအဖွဲ့ နှင့် အာဏာလုမှုဖြစ်ပွားနေသည့် ဗင်နီဇွဲလားအစိုးရ က အမျိုးသားစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံ သည် အဖျက်အမှောင့်ပြုလုပ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

လျှပ်စစ်ဓါတ်အား သည် မေ ၇ ရက် ညနေ ၅နာရီမတိုင်မီ ပြတ်တောက်သွားပြီးကတည်းက ဗင်နီဇွဲလားနိုင်ငံ၏ လျှပ်စစ်ဓါတ်အားစနစ်သည် ၅ကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရကြောင်း Rodriguez ကပြောကြားခဲ့သည်။

မတ် ၈ ရက်တွင် နိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီကို လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ပြီး ယင်းစနစ်သည် ဒုတိယအကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။

Rodriguez က ပြည်သူလူထုအား တည်ငြိမ်စွာနေထိုင်ကြရန် နှင့် လျှပ်စစ်မီးပြန်လည်ရရှိသည့် ဧရိယာတစ်ချို့၌ လျှပ်စစ်ဓါတ်အား အား ချွေတာစွာသုံးစွဲကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆေးရုံများ နှင့် ဆေးပေးခန်းများသည် လျှပ်စစ်ဓါတ်အားကို အရေးပေါ်မီးစက်များ ဖြင့် အသုံးပြုနေရကြောင်း နှင့် နေအိမ်များအား ရေပေးဝေနိုင်ရန် လိုအပ်ပါက ရေသယ်ယာဉ်များဖြင့် ရေဖြန်ဖြူးပေးသွားရန် စီစဉ်နေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ (Xinhua)