Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံး

ဘရာဇီးနိုင်ငံတွင်း မိုးသည်းထန်စွာရေသွန်းနေမှုအားတွေ့ရစဉ်(အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်ဖြစ်သော Pernambuco ပြည်နယ်၏ မြို့တော် Recifeတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။

Pernambuco ပြည်နယ်၏ မီးသတ်ဦးစီးဌာန၏ အတည်ပြုချက်အရ Recifeမြို့တွင် ၅ဦး၊ Olindaမြို့တွင် ၃ဦးနှင့် Abreu e Limaမြို့တွင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများအနက် အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် ၂၁နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ဇူလိုင် ၂၃ ရက်နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြေပြိုမှုများဖြစ်ပေါ်ခြင်းနှင့် သစ်ပင်များ ကျိုးကျမှုများသည် မြို့အတော်တော်များများ၌ ခံစားခဲ့ရပြီး

လူဦးရေ ၄သန်းနေထိုင်သော Recife၏မြို့ပြ ဧရိယာတွင်လည်း ခံစားခဲ့ရကြောင်း သိရသည်။

Jaboatao dos Guararapesတွင် မြေပြိုမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရကြောင်းလည်း ဒေသခံ အာဏာပိုင်များက ဆိုသည်။

မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ နောက်ရက်အနည်းငယ်ကြာထိ မိုးဆက်လက် ရွာသွန်းနေမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.