Connect with us

Latin America

မက္ကဆီကို နိုင်ငံ၌ လေယာဉ် ပျက်ကျမှုကြောင့် လူလေးဦး သေဆုံး

မက္ကဆီကို နိုင်ငံ Durango ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ က ခရီးသည် ၁၀၀ ကျော် ပါဝင်ခဲ့သည့် လေယာဉ် ပျက်ကျမှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း ချီဟွားဟွား(Chihuahua)ပြည်နယ်တွင် လေယာဉ်ငယ် တစ်စင်းသည် ဇူလိုင် ၂၃ ရက်တွင် ပျက်ကျမှု ဖြစ်ပွားရာ လူ လေးဦး သေဆုံးသွားခဲ့ကြောင်း အစိုးရ ရှေ့နေ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လေယာဉ်သည် စတင် ပျံသန်းခဲ့ပြီးနောက် Chihuahua ပြည်နယ် အနောက်ဘက် Ciudad Cuauhtemoc မြို့အနီးရှိ ကူးသန်းရောင်းဝယ်ရေး စြင်္က ံအတွင်း တည်ရှိသည့် စိုက်ပျိုးရေး လယ်ကွင်းအပေါ်၌ ပျက်ကျသွားခဲ့ကြောင်း သိရသည်။

လေယာဉ် အတွင်းမှ လေယာဉ်မှူး အပါအဝင် ယောကျာၤး သုံးဦး နှင့် အမျိုးသမီး တစ်ဦး တို့၏ ရုပ်အလောင်း များအား တွေ့ရှိရကြောင်း အစိုးရ ရှေ့နေရုံးထံမှ သိရသည်။

ယင်းလေယာဉ် ပျက်ကျမှု အကြောင်းရင်းအား မသိရှိရသေးဘဲ လေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူများက စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ပေါ်တွင် ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး နှင့် အခြား ခရီးသည် နှစ်ဦးတို့ပါဝင်ခဲ့ပြီး ၎င်းတို့သည် အိမ်နီးချင်း Durango ပြည်နယ်သို့ခရီးသွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက် အရ သိရသည်။(Xinhua)