Latin America
မသန်စွမ်း အိုလံပစ် လက်မှတ် စောင်ရေ နှစ်သန်း ရောင်းချနိုင်မည်ဟုဆို
ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ရီယို မသန်စွမ်း အိုလံပစ် ပွဲစဉ်အတွက် လက်မှတ် စောင်ရေ ၂.၄ သန်း ရှိသည့်အနက်မှ ၈၀ ရာခိုင်နှုန်းကျော် ရောင်းချနိုင်မည် ဖြစ်ကြောင်းဘရာဇီး မသန်စွမ်း အိုလံပစ် ကော်မတီ (CPB) အကြီးအကဲထံမှ သိရသည်။
“လက်မှတ် စောင်ရေက ၂.၄ သန်း ရောင်းချရန်ရှိပြီး ၂ သန်းဝန်းကျင် ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း CPB ဥက္ကဋ္ဌ အင်ဒရူး ပါဆန်၏ ပြောကြားချက်အား ကိုးကား၍ Globo သတင်းစာက စက်တင်ဘာလ ၄ ရက်၌ ပြောကြားခဲ့သည်။
“ဘရာဇီးနိုင်ငံသားတွေ ဆုချီးမြှင့်ရာ စင်မြင့်ထက်မှာ နေ့တိုင်းနီးပါး တွေ့မြင်ရလိမ့်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဆယ်စုနှစ် ရှိပြီ ဖြစ်သည့် ဘရာဇီးနိုင်ငံတွင် စီးပွားရေး ကျဆင်းမှု ရှိနေခဲ့ကြားမှ မသန်စွမ်း အိုလံပစ် ရန်ပုံငွေ ကိစ္စသည် မကြာသေးမီ ရက်များအတွင်းက ဖြေရှင်းခဲ့ပြီး ဖြစ်ကြောင်း ပါဆန်က ပြောသည်။
ဖက်ဒရယ် အစိုးရအနေဖြင့် ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ တောင်းဆိုချက်ဖြင့် ဘရာဇီးငွေ Reais ၂၅၀ သန်း (အမေရိကန် ဒေါ်လာ ၇၇ သန်း) အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံအတွက် မည်သည့် ဆုများ ရည်ရွယ်ထားကြောင်း အသေးစိတ် ပြောကြားထားခြင်း မရှိသော်လည်း အိမ်ရှင်နိုင်ငံ ဖြစ်သည့် အားလျော်စွာ ထိပ်ဆုံး ငါး နေရာစာရင်း၌ ရပ်တည်နေနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ရီယို မသန်စွမ်း အိုလံပစ် အားကစားပွဲများအား စက်တင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)