Connect with us

Latin America

G20 ထိပ်သီးအစည်းအဝေးမှာ အထင်ကြီးစရာကောင်းကြောင်း အာဂျင်တီးနားသမ္မတချီးကျူး

G20 အစည်းအဝေးတက်ရောက်ရန် ဟန်ကျိုးမြို့သို့ရောက်ရှိလာသော သမ္မတ Mauricio Macri နှင့် ဇနီး တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဗြူနိုအဲရစ် ၊ စက်တင်ဘာ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးမှာ “ အထင်ကြီးစရာကောင်း၍ ခမ်းနားထည်ဝါသော” အစည်းအဝေးဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri က စက်တင်ဘာလ ၅ ရက်တွင် ချီးကျူးစကား ဆိုလိုက်သည်။

“ ဒါဟာကျွန်တော့်အတွက် ပထမဆုံးအကြိမ် အစည်းအဝေးတက်ရောက်ခြင်းပါပဲ။ အင်မတန် ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ အရမ်းကို စိတ်ကျေနပ်စရာကောင်းပါတယ်” ဟု Macri က Argentinean Mitre ရေဒီယိုသတင်းဌာနသို့ပြောကြားသည်။ G20 အဖွဲ့အစည်းကြီးမှာ လေးစားအထင်ကြီးစရာကောင်းသလို အလွန်ကြီးကျယ် ခမ်းနားလှကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် G20 အဖွဲ့သည် အာဂျင်တီးနားနိုင်ငံအတွက် အကြွင်းမဲ့ယုံကြည်စွာ တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း Macri ကဖြည့်စွက်ပြောကြားသည်။
“ ၂ဝ၁၈ မှာ အာဂျင်တီးနားနိုင်ငံက G20 အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမှာပါ ” ဟု ၎င်းက ဆိုသည်။
G20 ၏ လက်ရှိ နှင့် အနာဂတ်ဆိုင်ရာ အကြောင်းအချင်းအရာများကို ဆွေးနွေးရန် တရုတ် ၊ အာဂျင်တီးနား နှင့် ၂ဝ၁၇ ခုနှစ်တွင် G20 အိမ်ရှင်အဖြစ် ကျင်းပမည့် ဂျာမနီနိုင်ငံတို့တွေ့ဆုံ ဆွေးနွေးသွားရန် ရှိကြောင်း Macri ၏ ပြောဆိုချက်အရ သိရသည်။
၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက် မှ ၅ ရက်အထိ G20 ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့ပြီး ၎င်းမြို့သည် အလွန်လှပသော အနောက်ပိုင်း ရေကန်ကြီး ကြောင့် လူသိများပြီး ကမ္ဘာ လှည့်ခရီးသွားများ အကြိုက်နှစ်သက်ဆုံးနေရာတစ်ခုဖြစ်ကြောင်း သိရသည်။အီတလီနိုင်ငံသား မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် ဟန်ကျိုးမြို့ကို “ လောကနိဗ္ဗာန်ဘုံ” ဟု တင်စားမှတ်တမ်းတင်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.