Connect with us

Latin America

G20 ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် သမ္မတခေါင်းဆောင်သည့် အာဂျင်တီးနားကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ထွက်ခွာ

အာဂျင်တီးနားသမ္မတ Mauricio Macri မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဘရူနို အေးရိစ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အာဂျင်တီးနားသမ္မတ Mauricio Macri ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာလ ၄ရက်မှ ၅ရက်အထိ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၁ရက်က ထွက်ခွာသွားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

အာဂျင်တီးနားကိုယ်စားလှယ်အဖွဲ့တွင် အာဂျင်တီးနားနိုင်ငံ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Prat-Gay၊ နိုင်ငံခြားရေးဝန်ကြီး Susana Malcorra နှင့် ပြည်သူ့ဘဏ္ဍာရေးဒုတိယဝန်ကြီး Pedro Lacoste တို့လိုက်ပါလာကြပြီး ကိုယ်စားလှယ်အဖွဲ့သည် အာဂျင်တီးနားနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လမ်းဖွင့်ပေးထားသည်ကို ပြသသွားရန် ရည်ရွယ်ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်တွင် သမ္မတ Macri သည် ထိပ်သီးအစည်းအဝေး၌ ၎င်း၏ပထမဆုံး မိန့်ခွန်း ကိုပြောကြားမည်ဖြစ်သည်။ အဆိုပါနေ့၌ပင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးများသည် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ ၃ကြိမ်မြောက်အစည်းအဝေးပွဲအား တက်ရောက်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးပွဲ၌ သမ္မတ Macri က ၎င်း၏ ဒုတိယမိန့်ခွန်းအား ပြောကြားသွားမည်ဖြစ်သည်။
ထုတ်ပြန်ချက်၌ အာဂျင်တီးနားနိုင်ငံသည် ၎င်း၏ ပန်းတိုင်ဖြစ်သည့် ကမ္ဘာကြီး နှင့် ပိုမိုနီးကပ်စွာတည်ရှိနေရေး၊ သံတမန်ဆက်ဆံရေး နှင့် နိုင်ငံတကာဘဏ္ဍာရေးကိစ္စရပ်များတွင် ပေါင်းစည်းဆောင်ရွက်ရေး၊ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသည့် အဓိကပြဿနာများကို ဖြေရှင်းနိုင်ရန် ဘုံအစီအစဉ်တစ်ခု သတ်မှတ်နိုင်ရေးတို့ကို ရောက်ရှိရန် ခြေလှမ်းသစ် တစ်ရပ်ကို စတင်လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ပါရှိသည်။
ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ အာဂျင်တီးနားနိုင်ငံသည် ၎င်း၏ နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာ ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထိပ်သီးညီလာခံ၌ အထူးအရေးပါသည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံအနေဖြင့် ထိပ်သီးညီလာခံ၌ ဆွေးနွေးတင်ပြမည့်အကြောင်းအရာများမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အားကောင်းလာရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု နှင့် အခြား ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။
အဆိုပါ ရည်မှန်းချက်ပန်းတိုင်များ နှင့်အတူ သမ္မတ Macri သည် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ ရောက်ရှိရန် အထူးကဏ္ဍအဖြစ် စိုက်ပျိုးရေးအခန်းကဏ္ဍများ၊ ကမ္ဘာ့လုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်အားကောင်းလာရေး စသည့် အာဂျင်တီးနားနိုင်ငံနှင့် ဆက်နွယ်နေသည့် မေးခွန်းများအား ဖြေကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.