Latin America
မီတာ၅၀ အလွတ်ကူးပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသားက အသက်အကြီးဆုံး အိုလံပစ်ရေကူးချန်ပီယံဖြစ်လာ

ရီယိုဒီဂျနေရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသား အန်တိုနီ အာဗင် (Anthony Ervin) သည် သြဂုတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် မီတာ၅၀ အလွတ်ကူးပြိုင်ပွဲ ၌ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အသက်အကြီးဆုံး အိုလံပစ်ရေကူးချန်ပီယံဖြစ်လာကြောင်း သိရသည်။
အသက် ၃၅နှစ်အရွယ်ရှိ အန်တိုနီ အာဗင် (Anthony Ervin) သည် ပန်းဝင်ချိန် ၂၁.၄ စက္ကန့်ဖြင့် ပြင်သစ်နိုင်ငံသား ချန်ပီယံဟောင်း Florent Manaudou အား တစ်စက္ကန့် ၏ အပုံတစ်ရာပုံ တစ်ပုံ အသာဖြင့် အနိုင်ရရှိခဲ့သည်။နောက်ထပ် အမေရိကန်နိုင်ငံသား နက်သန် အက်ထ်ဒရီရန် (Nathan Adrian) ကလည်း ပန်းဝင်ချိန် ၂၁.၄၉ စက္ကန့်ဖြင့် ရီယို ရေကူးအားကစားရုံ၌ ကြေးတံဆိပ်ရယူနိုင်ခဲ့ကြောင်း သိရသည်။
အာဗင် ၏ ရေကူးချိန်ပီယံ ရွှေတံဆိပ်ဆုသည် အမေရိကန်နိုင်ငံမှ ဆွတ်ခူးခဲ့သော ၁၄ခုမြောက် ရီယိုအိုလံပစ် ရွှေတံဆိပ်ဆုဖြစ်ကြောင်း သိရသည်။ (Xinhua)