Connect with us

Latin America

နေမာ သွင်းဂိုးဖြင့် ကိုလံဘီယာအား ၂-ဝ ဖြင့်အနိုင်ယူကာ ဘရာဇီးအသင်း အိုလံပစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတက်

ကိုလံဘီယာအသင်းအား ဂိုးသွင်းပြီးအောင်ပွဲခံနေသော ဘရာဇီးတိုက်စစ်မှူးနေမာ(ယာအစွန်း)အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆယ်လ်ဗာဒေါ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

သြဂုတ်လ ၁၃ ရက်တွင်ကျင်းပခဲ့သော ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဘရာဇီးနှင့် ကိုလံဘီယာတို့ပွဲစဉ်တွင် ဘရာဇီးအသင်းက ၂ဂိုးပြတ်အနိုင်ရခဲ့ကြောင်း နှင့် ယင်းပွဲစဉ်၌ နေမာသည် ပြိုင်ပွဲ၌ ပထမဆုံး ဗွေဆော်ဦး ဂိုးတစ်ဂိုးကို ဘရာဇီးအတွက် သွင်းယူပေးခဲ့ကြောင်းသိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဘရာဇီးကြယ်ပွင့်သည် အလွတ်တည်ကန်ဘောမှ တဆင့်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။နေမာ ၏ ဦးဆောင်ဂိုးဖြင့် ဘရာဇီးအသင်းသည် ပြိုင်ဖက်အသင်းအား ထိန်းချုပ်နိုင်ခဲ့ပြီး ခုနှစ်မိနစ်အကြာတွင် Luanက ဂိုးတိုင်မှ ၂ဝ မီတာ အကွာခန့်မှ အပြင်းကန်သွင်းကာ ဘရာဇီးအသင်းအတွက် ဒုတိယဂိုးကို ထပ်မံရယူပေးခဲ့သည်။
အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရန် ရည်မှန်းထားသည့် အိမ်ရှင်ဘရာဇီးအသင်းသည့် သြဂုတ်လ ၁၇ ရက်တွင် မာရာကာနာအားကစားကွင်း၌ ဟွန်ဒူးရက်စ်အသင်းနှင့် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရန် ရှိနေသည်။
ဟွန်ဒူးရပ်စ်အသင်းသည် အခြားကွာတာဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ကိုးရီးယားအသင်းအား ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူ၍ အကြိုဗိုလ်လုပွဲသို့တက်ရောက်လာခဲ့သည်။အဆိုပါ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်ဒုတိယပိုင်းတွင် Alberth Elis က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။သြဂုတ်လ ၁၃ ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် အခြားကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုတွင်မူ နိုက်ဂျီးရီးယားက ဒိန်းမတ်အသင်းအား ၂ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် ပွဲစပြီး ၁၅ မိနစ်တွင် ဒိန်းမတ် အသင်း ပင်နယ်တီ စည်းအတွင်း Ezekiel Imoh ဖြတ်တင်ပေးလိုက်သော ဘောလုံးကို Mikel John Obi က ဂိုးအဖြစ် အပိုင်ကန်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ Super League တွင်ကစားနေသည့် ဒိန်းမတ်ကစားသမား Gomes Edigerson က အသင်းအတွက် ချေပဂိုးရရန် အပိုင်ကန်သွင်းခွင့်များရခဲ့သော်လည်း နိုက်ဂျီးရီးယားဂိုးသမား Daniel Emmanuel က လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် အရာမထင်ဖြစ်ခဲ့ရသည်။ ပွဲချိန် ၅၈ မိနစ်တွင် နိုက်ဂျီးရီးယားကစားသမား Aminu Umar က အပြင်းခေါင်းတိုက်ချက်ဖြစ် အသင်းအတွက် ဒုတိယအနိုင်ဂိုးတစ်ဂိုးကို ထပ်မံစွမ်းဆောင်ပေးနိုင်ခဲ့သည်။
Brasilia ၌ ကျင်းပသည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီ က ပေါ်တူဂီ အား လေးဂိုးပြတ်ဖြင့်အနိုင်ယူ၍ အကြိုဗိုလ်လုပွဲသို့တက်ရောက်သွားပြီး နိုက်ဂျီးရီးယားနှင့် အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရန် ရှိနေ ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.