Connect with us

Latin America

ဘရာဇီးနိုင်ငံ၌ အကြမ်းဖက်သမားဟု သံသယရှိသူနှစ်ဦးကို ဖမ်းဆီးရမိ

ဘရာဇီးနိုင်ငံ ရီယိုအိုလံပစ်ပြိုင်ပွဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေကြစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုကျူးလွန်ရန် သံသယရှိသူ နှစ်ဦးအား သြဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။

အိုလံပစ်ပြိုင်ပွဲ အကြမ်းဖက်မှုကာကွယ်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် Hashtag စစ်ဆင်ရေး အတွင်း ဇူလိုင်လက လူ ၁၂ ဦးအား ရက်ပေါင်း ၃ဝ ကြာ ယာယီထိန်းသိမ်းခွင့်ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အခြား လူငါးဦးကို ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ထိန်းသိမ်းထားပြီး သုံးဦးကိုမူ စုံစမ်းမေးမြန်းမှုများပြုလုပ်အပြီးတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ အဆိုပါသံသယရှိသူအားလုံးသည် ဘရာဇီးနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့သည် ် အာရေဗီဘာသာ လျှို့ဝှက်အမည်များဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြကြောင်း သိရသည်။
၎င်းတို့သည် အစ္စလမ်မစ် အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်မှုရှိသည်ဟု သံသယရှိခြင်းခံထားရသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
“ အိုလံပစ်ပြိုင်လုံခြုံရေး နဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး ရည်မှန်းချက်တွေချမှတ်ပြီး ဘရာဇီးပြည်ထောင်စုအစိုးရဟာ ထောက်လှမ်းရေးအဖွဲ့တွေ ၊ လုံခြုံရေးနဲ့ကာကွယ်ရေးအစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဘရာဇီးနိုင်ငံ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အကြမ်းဖက်သမားများအား ထောင်ဒဏ်အပြစ်ပေးနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ်ကို ပြဌာန်းထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.