Connect with us

Latin America

ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ကိုလံဘီယာ ပြည်တွင်းစစ် ငြိမ်းချမ်းရေး ရရှိခဲ့သည့်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ချီးကျူး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကုလသမဂ္ဂ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ၌ အစိုးရနှင့် အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သော ကိုလံဘီယာ တော်လှန်ရေး တပ်ဖွဲ့ (FARC) တို့အကြား ဆယ်စုနှစ် ငါးခုကျော်ကြာ အရှည်ဆုံး ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲအား ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သြဂုတ်လ ၂၄ ရက်၌ ကြိုဆိုလိုက် သည်။

ကိုလံဘီယာ သမ္မတ Juan Manuel Santos နှင့် ကိုလံဘီယာ တော်လှန်ရေး တပ်ဖွဲ့ (FARC) ခေါင်းဆောင် Timoleon Jimenez နှင့် အခြား ညှိနှိုင်းရေး အဖွဲ့များ၏ စိတ်ရှည် သည်းခံပြီး ခက်ခဲစွာ လုပ်ဆောင်နိုင်ခဲ့သည့် အတွက် အတွင်းရေးမှူးချုပ် ဘန်က ဝမ်းမြောက်ကြောင်း ဘန်၏ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။
ထို့ပြင် အဆိုပြုလွှာများနှင့် အားပေးတိုက်တွန်းမှုများအား ဆွေးနွေးမှုများဖြင့် ပါဝင်ခဲ့သော ကိုလံဘီယာ အဖွဲ့ အစည်းများနှင့် နိုင်ငံသားများကိုလည်း ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုက်သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဟာဗားနားတွင် အစပြုခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် အဆုံး သတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကိုလံဘီယာ အစိုးရနှင့် FARC တို့က သြဂုတ်လ ၂၄ ရက်က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.