Latin America
ကယ်လီဖိုးနီးယားပြည်နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိ နှစ်ဦး သေဆုံး

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Palm Springs မြို့၌ အောက်တိုဘာလ ၈ ရက် ဒေသစံတော်ချိန် နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ ရဲအရာရှိ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေနတ်သမားအား မဖမ်းမိသေးကြောင်း သိရသည်။
ဒေသစံတော်ချိန် နေ့လည် ၁၂း၁၈ နာရီ အချိန်၌ မိသားစု တစ်စု နှောင့်ယှက်ခံရကြောင်း သတင်းရရှိပြီးနောက် ရဲအရာရှိများက သွားရောက်ခဲ့ပြီး အိမ်တံခါးဝအရောက် သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း Palm Springs မြို့ ရဲချုပ် ဘရိုင်ယန် ရီယက်စ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။အခင်း ဖြစ်ပွားရာနေရာသို့ ဋ္ဌာနပေါင်းစုံမှ ဥပဒေဘက်တော်သား ဒါဇင်နှင့်ချီ၍ ရောက်ရှိသွားခဲ့ကြောင်း၊ ဒေသခံ ရဲများနှင့် သေနတ်သမားအကြား ညှိနှိုင်းမှု ပြုလုပ်နေရကြောင်း City News Srevice က ဖော်ပြထားသည်။ဒဏ်ရာရရှိသည့် ရဲအရာရှိအား ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြေအနေမှာ မသိရသေးပေ။ Palm Springs မြို့သည့် လော့စ်အိန်ဂျလိစ် အရှေ့ဘက်မှ ကီလိုမီတာ ၁၇၀ ခန့် ကွာဝေးပြီး လူဦးရေ ၄၆,၀၀၀ ဦးကျော် ရှိကြောင်း သိရသည်။ (Xinhua)