Connect with us

Latin America

ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး အသက် ၁၁၇နှစ်တွင် ကွယ်လွန်

ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး Maria Emilia Quesada Blanco အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟာဗာနား၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

Maria Emilia Quesada Blanco အမည်ရှိ ကျူးဘားနိုင်ငံ ၏ အသက်အကြီးဆုံး အမျိုးသမီး သည် အသက် ၁၁၇နှစ်အရွယ် တွင် Cienfuegos မြို့ရှိ ၎င်း၏ နေအိမ်၌ ဇွန် ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းစာ “September Fifth” က Quesada သည် ကွယ်လွန်ချိန်တွင် နေမကောင်းဖြစ်သော လက္ခဏာတစ်စုံတစ်ရာပြသခဲ့ခြင်းမရှိကြောင်း နှင့် ၎င်းအား ဇွန် ၂၆ ရက် နေ့လည်ပိုင်းတွင် မြေမြှုပ်သြင်္ဂိုလ်ခဲ့ကြောင်း ဇွန် ၂၆ရက်တွင်ဖော်ပြခဲ့သည်။

Quesada အား ၁၉၀၁ခုနှစ် ဇန်နဝါရီ ၅ရက်တွင် မွေးဖွားခဲ့ပြီး အသက်ရှင်နေထိုင်စဉ် ကာလတစ်လျှောက်လုံး အိမ်ထောင်မပြုခဲ့ကြောင်း သိရသည်။

Quesadaသည် ကွယ်လွန်ချိန်တွင် ၎င်းနှင့် ဆယ်စုနှစ်များစွာ အတူနေထိုင်ခဲ့သည့် တူ၊တူမ များစွာ ဝန်းရံလျက် ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ပါရှိသည်။

၎င်းသည် မွေးချင်း ၁၃ယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်ပြီး အများစုမှာ အသက် ၉၀ကျော်အထိ အသက်ရှင်နေထိုင်ခဲ့ပြီး အချို့မှာ အသက် ၁၀၀ အထိပင် နေထိုင်ခဲ့ကြောင်း ၎င်းက အသက်၁၁၅နှစ်တွင် OnCuba သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ရာတွင်ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံ အမျိုးသား စာရင်းဇယားဆိုင်ရာဗျူရို၏ ဖော်ပြချက်အရ ကျူးဘားနိုင်ငံတွင် အသက် ၁၀၀ကျော် ရှိသူ ၂,၁၅၀ဦးကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.