Connect with us

Latin America

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းအား ရှုံးနိုမ့်ခဲ့သည့် အာဂျင်တီးနားအသင်းသားများကို သမ္မတ အားပေးစကားဆို


ဗျူနိုအဲလ်ရစ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri က ပြင်သစ်အသင်းအား ရှုံးနိုမ့်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော အာဂျင်တီးနားလက်ရွေးစင်အသင်းအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ဇွန် ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဝမ်းနည်းကြေကွဲရပေမယ့် အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာတော့ ပြင်သစ်က ကျွန်တော်တို့ကို ကောင်းကောင်းအနိုင်ယူလိုက်ပါတယ်” ဟု သမ္မတ Mauricio က ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အားပေးနေသော အာဂျင်တီးနား ပရိသတ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အားပေးနေသော အာဂျင်တီးနား ပရိသတ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အားပေးနေသော အာဂျင်တီးနား ပရိသတ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဇွန် ၃ဝ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော ပွဲသည် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး ပြင်သစ်အသင်းက အာဂျင်တီးနားအသင်းအား ၄ ဂိုး – ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြင်သစ်အသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၁၃ မိနစ်တွင် ဂရစ်ဇမန်း(Griezmann) က ပင်နယ်တီ မှတစ်ဂိုး ၊ ပါဗက်(Pavard) က ၅၇ မိနစ်တွင် တစ်ဂိုး နှင့် လူငယ်ကြယ်ပွင့်ကစားသမား အမ်ဘတ်ပီ(Mbappe) က ၆၄ မိနစ် နှင့် ၆၈ မိနစ်တွင် နှစ်ဂိုး အသီးသီးသွင်းယူပေးခဲ့သည်။

အာဂျင်တီးနားအသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၄၁ မိနစ်တွင် ဒီမာရီယာက တစ်ဂိုး ၊ ၄၈ မိနစ်တွင် မာကာဒို(Mercado) က တစ်ဂိုး နှင့် ၉၃ မိနစ်တွင် အာဂွီရိုက တစ်ဂိုးအသီးသီးသွင်းယူပေးခဲ့သည်။ ပြင်သစ်အသင်းသည် ကွာတာဖိုင်နယ်ပွဲစဉ်တွင် ဥရုဂွေးအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.