Connect with us

Latin America

မက္ကဆီကိုတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၇ဦးသေ၊ ၂၈ဦး ဒဏ်ရာရရှိ

မက္ကဆီကိုနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဘတ်စ်ကားမတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အနောက်ပိုင်း ဂျာလီစကိုပြည်နယ် ဂွာဒါလာဂျာရာမြို့တွင် ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ဦးသေဆုံးပြီး အခြားလူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရရှေ့နေရုံးက ဇွန် ၁၆ ရက်တွင်ကြေညာခဲ့သည်။

ခရီးသည် ၄၀ဦးတင်ဆောင်လာသော ဘတ်စ်ကားသည် ဂွာဒါလာဂျာရာမြို့ အရှေ့တောင်ပိုင်း ရှိ Tlaquepaque မြို့ကို ဖြတ်၍ မောင်းနှင်နေစဉ် ဇွန် ၁၅ ရက်ညပိုင်းတွင် တိမ်းမှောက်ပြီး မြောင်းတစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။ဂျာလီစကို ပြည်နယ် အစိုးရရှေ့နေချုပ် က ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၂နှစ် နှင့် ၁၁နှစ်အရွယ် ကလေးငယ် ၂ဦးအပါအဝင် လူ ၇ဦးသေဆုံးခဲ့ကြောင်း ဇွန် ၁၆ရက်တွင် ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။ယာဉ်မတော်တဆမှုကြောင့် ခရီးသည် ၂၅ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ယင်းဧရိယာအတွင်းရှိ ဆေးရုံ ၅ခုသို့ ပို့ဆောင်ကုသပေးထားပြီး အခြားခရီးသည် ၃ဦးမှာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရသည်။ထုတ်ပြန်ချက်၌ ပြည်နယ်ဆိုင်ရာတာဝန်ရှိသူများသည် မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးကာ ယာဉ်မောင်းဖြစ်သူအား ရှာဖွေနေပြီး ဒဏ်ရာရရှိသူစာရင်းတွင် ၎င်း၏ နာမည်စာရင်းမပါဝင်လာ၍ အခင်းဖြစ်ပွားပြီးနောက် တိမ်းရှောင်ထွက်ပြေးသွားသည်ဟု ယူဆရကြောင်းပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117