Connect with us

Latin America

ဂွာတီနာမို အကျဉ်းထောင်တွင် ထိန်းသိမ်းထားသူ နှစ်ဦးအား လွှဲပြောင်းခဲ့ကြောင်း ပင်တဂွန် အတည်ပြု

ဂွာတီနာမို အကျဉ်းထောင်မှ အကျဉ်းသား တစ်ဦးအား အကျဉ်းထောင် လုံခြုံရေးဝန်ထမ်း နှစ်ဦးက ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဂွာတီနာမို အကျဉ်းထောင်တွင် ထိန်းသိမ်းထားသူ နှစ်ဦးအား ဆီနီဂေါသို့ လွှဲပြောင်းခဲ့ကြောင်းနှင့် ကျူးဘား နိုင်ငံ အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အမေရိကန် အကျဉ်းစခန်းအား လူဦးရေ ၉၀ ဦးအောက်သာ ထားရှိမည် ဖြစ်ကြောင်း ပင်တဂွန် စစ်ဋ္ဌာနချုပ်က ဧပြီလ ၄ ရက်က ကြေညာခဲ့သည်။

ထိန်းသိမ်းထားသည့် အကျဉ်းသား နှစ်ဦးမှာ လစ်ဗျားနိုင်ငံသား Salem Abdu Salam Ghereby နှင့် Omar Khalif Mohammed Abdu Baker Mahjour Umar တို့ဖြစ်ပြီး အမေရိကန် အစိုးရဋ္ဌာနနှင့် အေဂျင်စီ ခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် ပြန်လည် သုံးသပ်ရေး ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

နယူးယောက်တိုင်းမ်း သတင်းတွင် Ghereby အား ပေါက်ကွဲစေတတ်သော ပစ္စည်းများ သင်ကြားသူဟောင်းနှင့် ဝါရင့် ဂျီဟတ် တိုက်ခိုက်သူအဖြစ် ဖော်ပြထားသလို Umar ကို လက်နက် သင်တန်းဆရာနှင့် စစ်သွေးကြွ အုပ် ချုပ်ရေး အရာရှိအဖြစ် ဖော်ပြထားသည်။
ယခု နောက်ဆုံး ထိန်းသိမ်းထားသူ နှစ်ဦး လွှဲပြောင်းခဲ့ပြီးနောက် ဂွာတီနာမို အကျဉ်းထောင်တွင် လက်ရှိ အ ကျဉ်းသား ၈၉ ဦးသာ ကျန်ရှိမည် ဖြစ်သည်။
ဂွာတီနာမို အကျဉ်းထောင်အား ပိတ်ပစ်မည့် အစီအစဉ်အား အမေရိကန် သမ္မတ ဘားရတ် အိုဘား မားက ဖေဖော်ဝါရီလတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ထိုအစီအစဉ်အရ ဂွာတီနာမို အကျဉ်းထောင်အတွင်းရှိ ထိန်းသိမ်းထားသူ အချို့အား အိုဘားမား အစိုးရအဖွဲ့က စိစစ်ရွေးချယ်ကာ သင့်လျော်သူများအား အခြားနိုင်ငံ များသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။
သို့သော်လည်း အဆိုပါအကျဉ်းထောင်မှ အမေရိကန်နိုင်ငံ အတွင်းသို့ ပြန်လည် လွှဲပြောင်းယူရန် အရည်အချင်း မပြည့်မီသော အကျဉ်းသားအချို့အား အစိုးရအဖွဲ့က မည်သို့ ကိုင်တွယ်မလဲ ဟူသော မေးခွန်းအတွက်မူ အဖြေ မရှိသေးပေ။
လွှတ်တော်အတွင်းရှိ ရီပတ်ဘလစ်ကန် အမတ်များက ဂွာတီနာမို အကျဉ်းထောင်မှ ထိန်းသိမ်းထားသူများအား အမေရိကန်နိုင်ငံ အတွင်းသို့ ပြန်လည် ခေါ်ဆောင်မည်ဆိုလျှင် ဆန့်ကျင်မည် ဖြစ်ကြောင်း ပြောကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.