Latin America
ပနားမားနိုင်ငံအနောက်ပိုင်း၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)
ပနားမားနိုင်ငံအနောက်ပိုင်း La Espernaza ဒေသ၌ ယနေ့ဇွန် ၂၆ ရက်တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကဆိုသည်။
၎င်းငလျင်သည် မြောက်လတ္တီကျူ့ ၈.၄၃၄ ဒီဂရီ နှင့် အနောက်လောင်ဂျီကျူ့၈၂.၇၈၆၉ ဒီဂရီအတွင်း မြေအောက် အနက် ၁ဝ.ဝ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)