Connect with us

Latin America

ချီလီနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်ကာ မိုင်းလုပ်သား ၆ ဦး သေဆုံး

Collahuasi မိုင်းကုမ္ပဏီ၏ သတ္ထုတွင်းများအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဆန်တီရာဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံ မြောက်ပိုင်းတွင် သတ္တုတွင်း တူးဖော်သူ မိုင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား ပက်လက်လှန် တိမ်းမှောက်မှုကြောင့် အနည်းဆုံး မိုင်းလုပ်သား ၆ ဦး သေဆုံးကာ အခြား ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဒဏ်ရာ ရရှိသူများ အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အမျိုးသား အရေးပေါ်အခြေအနေရုံးထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် Collahuasi ကုမ္ပဏီ၏ မိုင်းတွင်းများ နှင့် မြို့တော် ဆန်တီရာဂို၏ မြောက်ဘက် ၁,၇၈၅ ကီလိုမီတာ ကွာဝေးသော Iquique မြို့နှင့် ဆက်သွယ်ထားသည့် Ruta A-65 ပေါ်တွင် ဇွန် ၂၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘတ်စ်ကား တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် လမ်းအား ပိတ်၍ ဖြစ်စဉ် အကြောင်းရင်း များအား စုံစမ်း စစ်ဆေးခဲ့ပြီး ဘရိတ်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။

ယာဉ်ပက်လက်လှန် တိမ်းမှောက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိခဲ့သည့် လူများအား မီးသတ်သမားများက ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံ မီးသတ်ဌာန၏ ကြီးကြပ် အုပ်ချုပ်သူ Efrain Lillo က သတင်းထောက်များအား ပြောကြားခဲ့သည်။

Collahuasi ကုမ္ပဏီသည် သတ္တုတူးဖော်သည့် ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.