Connect with us

Latin America

လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗင်နီဇွဲလား သမ္မတ ဆို

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အား တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကပ်စ်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

လ့ူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇွန် ၂၁ ရက် ညပိုင်းက ကာရာကပ်စ်မြို့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားသို့ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ၊ ယခင် ချီလီ နိုင်ငံ သမ္မတဟောင်း Michelle Bachelet နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့ကိစ္စရပ်များတွင် နှစ်ဖက် ကွဲလွဲမှုများ ရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် Michelle Bachelet ၏အဆိုပြုချက်နှင့် အကြံပြုချက်များကို အလေးအနက်ထားသွားမည်ဖြစ်ပြီး ဗင်နီဇွဲလားရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို တစ်နေ့တစ်ခြားတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဟု သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)