Latin America
ပြည်ပအင်အားစု၏ အမိန့်ကို မည်သည့်အခါမျှလက်ခံမည်မဟုတ်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဆို

ကာရာကပ်စ်၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)
ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာက ပြည်ပအင်အားစုများ၏ အမိန့်ကို ဘယ်တော့မှ လက်ခံမည် မဟုတ် ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopezက ဖေဖော်ဝါရီ ၁၉ ရက်တွင် အလေးအနက်ထားပြောကြားခဲ့သည်။
ဗင်နီဇွဲလားကို အမေရိကန်က စီးပွားရေး၊ဘဏ္ဍာရေးပိတ်ဆို့မှုများအပါအဝင် နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်နေရာ အခြေအနေရှုပ်ထွေးနေကြောင်း Vladimir Padrino Lopezက ရုပ်မြင်သံကြားမှတစ်ဆင့်ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မည်သို့ပင် ခြိမ်းခြောက်၊ကြိုးကိုင်၊ပိတ်ဆို့စေကာမူ ဗင်နီဇွဲလား စစ်တပ်က ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မည်သည့်အခါမျှ ပြည်ပအင်အားစု များ၏အမိန့်ကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုဟု ဆိုကာ ဗင်နီဇွဲလားစစ်တပ်ကို အမိန့်ပေးနေခြင်းသည် မိမိနိုင်ငံသားချင်းပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊ အမေရိကန်အစိုးရ၏ ရည်ရွယ်ချက်အမှန်မှာ ဗင်နီဇွဲလားရှိ သဘာဝသယံဇာတဖြစ်သည်ကိုလည်း စစ်တပ်က သိရှိကြောင်း Vladimir Padrino Lopezကပြောကြားခဲ့သည်။(Xinhua)