Connect with us

Latin America

ဗင်နီဇွဲလားက ဘရာဇီးနှင့် ထိစပ်နေသော နယ်စပ်အား ပိတ်ပစ်

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) အားတွေ့ရစဉ် (ဆင်ဟွာ)

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) သည် ဘရာဇီးနိုင်ငံ နှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်း နယ်စပ်အား ပိတ်ပစ်ရန် ဖေဖော်ဝါရီ ၂၁ရက်က အမိန့်ပေးခဲ့ကြောင်း သိရသည်။

ယင်းအမိန့်သည် ဖေဖော်ဝါရီ ၂၁ ရက် ဒေသစံတော်ချိန် ည ၈နာရီတွင် စတင်အသက်ဝင်ခဲ့ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထွက်မချင်း ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ဘရားဇီးနိုင်ငံ အစိုးရက ဗင်နီဇွဲလားအရေးကို ပိုမိုဆိုးရွားအောင် လှုံ့ဆော်ပေးနေကြောင်း သမ္မတ မာဒူရိုက ပြောကြားလိုက်ပြီးနောက် ယင်းလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းက ဗင်နီဇွဲလားနိုင်ငံသည် ကိုလံဘီယာနိုင်ငံ နှင့် ဆက်စပ်နေသော နယ်စပ်တစ်လျှောက်မှ အခြေအနေများကိုလည်း လေ့လာစောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။မာဒူရိုက ယခုပုံစံမျိုး ဆုံးဖြတ်ချက်များကို မပြုလုပ်ချင်သော်လည်း ကိုလံဘီယာနိုင်ငံ နှင့် ထိစပ်နေသော နယ်စပ်အား လုံးဝပိတ်ပစ်ရန် အကဲဖြတ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ကိုလံဘီယာနိုင်ငံ နှင့် ဘရာဇီးနိုင်ငံ နှစ်နိုင်ငံ စလုံးသည် မာဒူရိုအား ဆန့်ကျင်နေသည့် လက်ယာယိမ်းအတိုက်အခံအဖွဲ့ နှင့် မဟာမိတ်ပြုထားပြီး ၎င်းတို့သည် မာဒူရို အား ဖြုတ်ချရေး နှင့် လက်ရှိ အာဏာရ ဆိုရှယ်လစ် PSUV ပါတီ ပြုတ်ကျရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)