Connect with us

Latin America

ဘိုလီဗီးယားနိုင်ငံ၌ ဖြစ်ပွားသော ယာဉ်တိုက်မှုအတွင်း အနည်းဆုံး လူ ၂၄ ဦးသေဆုံး

ဘိုလီဗီးယားနိုင်ငံ၌ ဖြစ်ပွားသော ယာဉ်မတော်တဆမှုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

အချင်းဖြစ်မှုသည် Villazon မှ လာပက်ဇ်မြို့သို့ဦးတည်မောင်းနှင်လာသော ဘတ်စ်ကားသည် အခြားယာဉ်ကြောမှ မောင်းနှင်လာသော မြေသယ်ကားအား ခေါင်းချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဘိုလီဗီးယားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Hugo Lizarazu ၏ ပြောကြားချက်အရ သိရသည်။

ကုန်တင်ကားသည် တစ်ဖက်ယာဉ်ကြောထိ ဝင်ရောက်မောင်းနှင်ခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ လူ ၄၄ ဦးလိုက်ပါလာသော ခရီးသည်တင်ဘတ်စ်ကားမှာ ကြေမွ ပျက်စီးသွားခဲ့သည်။

ဒဏ်ရာရသူများကို အိုရူရိုမြို့(Oruro) ရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.