Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် ဘောလုံးပွဲ တစ်ခု၌ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူတစ်ဦးသေဆုံး

ဘရာဇီးနိုင်ငံ ဘောလုံးပွဲတစ်ခု၌ ခိုက်ရန်ဖြစ်ပွားမှုအားထိန်းသိမ်းနေသည့် ရဲများအားတွေ့ရစဉ် (ဓာပုံ-အင်တာနက်)

ဘရာဇီး၊ဧပြီ ၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် Sao Paulo မြို့တွင် ဧပြီလ ၃ ရက်က ပြည်တွင်း ဘောလုံးကလပ်နှစ်ခုဖြစ်သည့် Corinthians နှင့် Palmeiras ကလပ်အသင်းများ ၏ ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် လူတစ်ဦး သေနတ် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေဆုံးခဲ့သူသည် မည်သူဖြစ်ကြောင်း ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းသည် Sao Migual ဘူတာရုံ အဝင်ပေါက်တွင် ပြိုင်ဘက် ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုကို ဘေးမှ ရပ်ကြည့်သူ တစ်ဦးမျှသာ ဖြစ်ကာ အပြစ်မရှိဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံ ရဲအရာရှိ Luiz Gonzaga က သေဆုံးခဲ့သူသည် ဘောလုံး ပရိသတ် တစ်ဦးမဟုတ်ဘဲ နှလုံး၌ ကျည်ဆံ ထိမှန် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီလ၃ရက် တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု၌ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Corinthians နှင့် Palmeiras ကလပ်အသင်းများ သည် ဘရာဇီး၏ အကောင်းဆုံး အသင်းများဖြစ်ပြီး ၁၉၅၉ခုနှစ်မှ စ၍ဘရာဇီးနိုင်ငံ ၏ ထိပ်တန်း ဆုတံဆိပ် ၁၄ ခု ကိုရယူထား နိုင်ခဲ့ကြကြောင်း သိရသည်။

Palmeiras ကလပ်အသင်းသည် ဧပြီလ ၃ ရက်နေ့၌ Allianz Parque ဘက်စုံသုံးအားကစားရုံ၌ ကျင်းပခဲ့သည့် Sao Paulo ပြည်နယ်လိဂ် တွင် ၁-၀ ဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.