Connect with us

Latin America

အမေရိကန် ရှုခင်းကြည့် ရဟတ်ယာဉ် Tennessee ပြည်နယ်တွင် ပျက်ကျခဲ့မှုကြောင့် ငါးဦး သေဆုံး

အမေရိကန် ရှုခင်းကြည့် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ နေရာသို့ ကယ်ဆယ်ရေး ဝန်ထမ်းများရောက်ရှိလာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Tennessee ပြည်နယ်တွင် ဧပြီလ ၄ ရက်က ရှုခင်းကြည့် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့မှုကြောင့် ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာသူ ငါးဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း မီဒီယာများက ဖော်ပြချက် အရ သိရသည်။

Bell 206 ရှုခင်းကြည့် ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ၃း၃၀ နာရီတွင် Tennessee ပြည်နယ်၊ Sevier ခရိုင်တွင် ပျက်ကျခဲ့ပြီး ရဟတ်ယာဉ် ပိုင်ရှင်ဖြစ်သူက ပျက်ကျမှုကြောင့် လူငါးဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း ရုပ်သံထုတ်လွှင့်ရေး WVLT က ဖော်ပြခဲ့သည်။

သို့သော် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက် အား တရားဝင် ထုတ်ပြန်ချက် မရှိသေးကြောင်း သိရသည်။

အမေရိကန် ဖယ်ဒရယ် လေကြောင်းဦးစီး ဋ္ဌာန၏ ထုတ်ပြန်ချက်တွင် ရဟတ်ယာဉ်သည် ပျက်ကျခဲ့ပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.