Connect with us

Latin America

အိုလံပစ်ပြိုင်ပွဲ လက်မှတ်များ အရောင်းထိုင်းနေသည့်ကိစ္စကို နည်းလမ်းရှာ၍ အမြန်ဆုံးဖြေရှင်းရန် ဘရာဇီးအစိုးရ ကြိုးပမ်းနေ

Rio 2016 အိုလံပစ်ပြိုင်ပွဲတွင် လက်မှတ်များ သတ်မှတ်ကာလအတွင်း အားလုံးရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးကျင်းပနေစဉ် ( ဓာတ်ပုံ-ဆင်ဟွာ )

ရီယိုဒီဂျနေရို ၊ ဧပြီ ၄ ရက် ( ဆင်ဟွာ )

Rio 2016 အိုလံပစ်ပြိုင်ပွဲ လက်မှတ်များ အရောင်းထိုင်းနေသည့် ကိစ္စကို ဘရာဇီးအစိုးရအနေဖြင့် အလွန်အမင်းစိုးရိမ် မကင်းဖြစ်နေကြောင်း နှင့် ပြိုင်ပွဲမကျင်းပမီ ကျန်ရှိနေသော ၅ လ အတွင်း လက်မှတ်များရောင်းချနိုင်ရန်အတွက် နည်းလမ်းရှာ၍ အမြန်ဆုံးဖြေရှင်းသွားရန် ကြိုးပမ်းနေကြောင်း ဘရာဇီးအားကစားဝန်ကြီးဌာန ( ယာယီ ) ဝန်ကြီး Ricardo Leyser က ဧပြီ ၃ ရက်တွင် ဝန်ခံပြောကြားသည်။

Folha de Sao Paulo နေ့စဉ်သတင်းစာ နှင့် အင်တာဗျူးဖြေကြားရာတွင် အားကစားဝန်ကြီးက လက်မှတ် ကွာဟချက် ကိစ္စကို ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် နည်းလမ်းရှာဖွေနေကြောင်း ၊ နည်းလမ်းတစ်ခုအနေဖြင့် စာသင်ကျောင်းများတွင် လက်မှတ်များကို ဖြန့်ဖြူးသွားရန် အကြံပေးမှုများရထားကြောင်း ၊ အထူးသဖြင့် အိုလံပစ်မသန်မစွမ်းပြိုင်ပွဲ လက်မှတ်များအတွက် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ အိုလံပစ် ပြိုင်ပွဲကို အားပေးဖို့ ဘရာဇီးပြည်သူတွေ သိပ်ပြီး မနိုးကြားသေးပါဘူး။ သူတို့နိုးထ လာ အောင် ကျနော်တို့ကြိုးစားရပါမယ်။ ပြည်သူတွေ သတိဝင်လာအောင် လှုံ့ဆော်မှုတွေ လုပ်ဖို့လိုပါတယ်။ ဒါမှ သူတို့တွေ လက်မှတ်တွေ လာဝယ်ကြမှာပါ ” ဟု Leyser က ပြောသည်။

Rio 2016 စည်းရုံးရေးကော်မတီ၏ ထုတ်ပြန်ချက်အရ အိုလံပစ်ပြိုင်ပွဲအတွက် လက်မှတ် ၅ဝ ရာခိုင်နှုန်းကို ရောင်းချထားပြီးဖြစ်သော်လည်း အိုလံပစ် မသန်မစွမ်းပြိုင်ပွဲအတွက် လက်မှတ် ၁ဝ ရာခိုင်နှုန်းမျှသာ ရောင်းချထားနိုင်သည့် ကိစ္စမှာ စိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။

ဘရာဇီးအားကစားဝန်ကြီး Leyser က ရီယိုဒီဂျနေရိုမြို့တွင် ၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် Pan American နှင့် Parapan American ပြိုင်ပွဲများတွင် လက်မှတ်များကို စာသင်ကျောင်း များသို့အခမဲ့ဝေငှပြီး ကလေးများကို ပျော်ရွှင်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဘရာဇီး သမ္မတ ရင်ဆိုင်နေရသော ဥပဒေကြောင်းအရ စွပ်စွဲချက်အမှုများက အိုလံပစ်ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုများအပေါ် အကျိုးသက်ရောက်မှုများ ရှိနေမလားဆိုသည့် မေးခွန်း နှင့် ပက်သက်၍ အားကစားဝန်ကြီးက ထိုကိစ္စကြောင့် အပြောင်းအလဲတစ်စုံတစ်ရာ ရှိမည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
ထို့ပြင် အားကစားဝန်ကြီးက “ ဝန်ကြီးဌာနအနေနဲ့နေစဉ်လှုပ်ရှားမှုတွေကို အားထည့်ပြီး ဆောင်ရွက်နေပါတယ်။ အလုပ်ကို ပြီးမြောက်အောင်လုပ်ရမှာပေါ့။ ကျနော်တို့မှာ စောဒက တက်ဖို့အချိန်မရှိပါဘူး။ ဝန်ကြီးဌာနကတော့ သူ့အလုပ်ကို သူဆက်လုပ်သွားရမှာပါပဲ” ဟု ဖြေရှင်းချက် ထုတ်ခဲ့ကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.