Connect with us

Latin America

ဘရာဇီး ကား ၃၆စီး ဆင့်ကဲ့တိုက်မိမှုတွင် လူ ၂ဦးသေ၊ ၂၀ဦး ဒဏ်ရာရရှိ


ဘရာဆီးလီးယား၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာပေါ်လိုပြည်နယ် ရှိ ကာဗယ်လိုပင်တိုအဝေးပြေးလမ်းမ တစ်လျှောက်တွင် သြဂုတ် ၃၀ရက် က ကား ၃၆စီး ဆင့်ကဲတိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျာကာရိုင်းမြို့ရှိ အဝေးပြေးတစ်လျှောက် တွင် မီးလောင်မှုတစ်ခုမှ ထွက်ပေါ်လာသော မီးခိုးလုံးများကြောင့် မြင်ကွင်းရှင်းလင်းမှုမရှိသဖြင့် ဒေသစံတော်ချိန် နံနက် ရး၄၀နာရီ တွင် ကားများနှင့် ထရပ်ကားများ တစ်စီးနှင့် တစ်စီး ဆင့်ကဲတိုက်မိခဲ့ကြောင်း အဝေးပြေးလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကာဗယ်လိုပင်တိုအဝေးပြေးလမ်းမပေါ်တွင် မီးလောင်ကျွမ်းခဲ့သည့် ကားများနှင့် ကုန်တင်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ယင်းမတော်တဆမှု၏ အဓိက အကြောင်းရင်းမှာ မီးခိုးလုံးများအတွင်းသို့ အိမ်သုတ်ဆေးများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး ဝင်ရောက်လာကာ ကားများအားတိုက်မိပြီး မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဂလိုပို အင်တာနက်သတင်းစာမျက်နှာ၌ အဝေးပြေးလမ်းမ၏ အမြင့်ပိုင်းတစ်လျှောက်တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေပုံ နှင့် မီးလောင်ကျွမ်းခဲ့သည့် ကားများနှင့် ကုန်တင်ကား အပျက်အစီးပုံများကို ဖော်ပြထားကြောင်း သိရသည်။

သေဆုံးသွားသူ ၂ဦး အနက် တစ်ဦး၏ ရုပ်အလောင်းကို အဝေးပြေးလမ်းမ၏အောက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ကျန်တစ်ဦး အား ကုန်တင်ကားနှစ်စီးကြား ညှပ်တိုက်ခံထားရသည့် ကားအတွင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

မီးသတ်သမားများ၏ ငြိမ်းသတ်မှုကြောင့် တစ်နာရီခွဲအကြာတွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာရှိ လူများအား ကယ်ဆယ်ရန် ကယ်ဆယ်ရေးအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.