Connect with us

Latin America

အာမာ ဟာရီကိန်းမုန်တိုင်း အဆင့် ၅ ဖြင့် ဖလော်ရီဒါသို့ ဝင်ရောက်

ဖလော်ရီဒါပြည်နယ် မီယာမီမြို့သို့ အာမာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်ခါနီး ကောင်းကင်တွင် တိမ်များ မဲမှောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မီယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဟာရီကိန်းမုန်တိုင်း အာမာ (Irma) သည် အဆင့် ၅ အဖြစ် အားကောင်းလာပြီး ဖလော်ရီဒါပြည်နယ်သို့ ဝင်ရောက်ရန် ရှိသည်ဟု ခန့်မှန်းရကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက စက်တင်ဘာလ ၈ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် လက်ရှိအချိန်တွင် မီယာမီ၊ ဖလော်ရီဒါ ပြည်နယ်များမှ ၄၈၅ ကီလိုမီတာ အောက် အကွာအဝေးတွင်သာ ရှိနေပြီး တိုက်ကြီးဆီသို့ တစ်နာရီလျှင် ၂၀ ကီလိုမီတာ အရှိန်ဖြင့် ဦးတည် ရွေ့လျားနေသည်။

အာမာ၏ အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၆၀ ကီလိုမီတာ ရှိနေပြီး လေတိုက်နှုန်း တစ်နာရီ ၂၅၃ ကီလိုမီတာ အထက်ရှိပါက ဟာရီကိန်း အဆင့် ၅ အဖြစ် သတ်မှတ်ကြောင်း သိရသည်။

အာမာ ဟာရီကိန်းမုန်တိုင်းကြောင့် လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းကြောင်း ကြေညာထားစဉ် (ဆင်ဟွာ)

အာမာ မုန်တိုင်းသည် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းက ကာရေဘီယံကျွန်းများသို့ ဖြတ်သန်းစဉ် အဆင့် ၄ အဖြစ် အားလျော့သွားခဲ့သော်လည်း ကျွန်းများနှင့် တိုက်ကြီးအကြား ရေပြင်အား ဖြတ်သန်းချိန်တွင်မူ တစ်ကြိမ် ပြန်လည် အရှိန်မြင့် အားကောင်းလာခဲ့ခြင်း ဖြစ်သည်။

ခန့်မှန်းချက်များအရ အာမာ ဟာရီကိန်းမုန်တိုင်းသည် ဂျော်ဂျီယာ၊ အယ်လ်ဘာမာနှင့် တန်နက်စီ ပြည်နယ်များသို့ မဝင်ရောက်မီ ရက်များအတွင်း ဖလော်ရီဒါ ပြည်နယ် တစ်ခုလုံးသို့ ဖြတ်သန်း ဝင်ရောက်ဖွယ် ရှိကြောင်း သိရသည်။

ဖလော်ရီဒါပြည်နယ်ရှိ တောင်ဘက်စွန်းကျသော နယ်မြေများတွင် နေထိုင်သူများအား မဖြစ်မနေ ရွှေ့ပြောင်းကြရန် ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း ဒေသခံအချို့က ယင်းနေရာတွင်ပင် ဆက်လက်နေထိုင်ရန်နှင့် မုန်တိုင်းအား ကြံ့ကြံ့ခံ ရင်ဆိုင်သွားကြရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.