Connect with us

Latin America

ဘရာဇီးတွင် သင်္ဘော နှစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃၉ ဦး ရေနစ်သေဆုံး

သင်္ဘောတိမ်းမှောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘရက်ဆဲလား၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးတွင် မကြာသေးမီက သင်္ဘောနှစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် စုစုပေါင်း သေဆုံးသူ ၃၉ အထိရှိကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် မတော်တဆမှုမှာ ဘရာဇီးနိုင်ငံ အရှေ့ပိုင်း Bahia ပြည်နယ် မြို့တော် Salvador အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောတွင် ခရီးသည် ၁၁၆ ဦးနှင့် ဝန်ထမ်း ၄ ဦးနှင့်အတူ ဒေသစံတော်ချိန် ညနေ ၆း၃၀ နာရီအချိန်မှ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း လူ ၂၈ ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။

Bahia ပြည်နယ် ကျန်းမာရေးမှူး၏ ပြောကြားချက်အရ သြဂုတ်လ ၂၄ ရက် နေ့လည်ပိုင်းတွင် ဆယ်ယူရရှိခဲ့သည့် အလောင်းမှာ ၈၉ လောင်း ရှိပြီဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ မြောက်ပိုင်း အမေဇုန်ဒေသ ပါရာပြည်နယ်ရှိ Xingu မြစ်တွင် သြဂုတ်လ ၂၃ ရက်နေ့ အရုဏ်တက်ချိန် မတိုင်မီက ခရီးသွားဧည့်သည်များ လိုက်ပါလာသည့် လှေ တစ်စီး နစ်မြုပ်ခဲ့ကာ လူ ၂၁ ဦး သေဆုံးခဲ့သည်။ ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဋ္ဌာန (Segup) ၏ အဆိုအရ ယင်း လှေနစ်မြုပ်မှုတွင် လူ ၂၃ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူ ၅ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

သင်္ဘော မာလိန်မှူးက သင်္ဘော ထွက်ခွာချိန်၌ လူ ၄၉ ဦးသာ တင်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ထို သင်္ဘောပေါ်၌ ခရီးသည်ပေါင်း ၇၀ ကျော် လိုက်ပါသွားခဲ့ကြောင်း သတင်းများက ရေးသားထားသည်။

အသက်ရှင်ကျန်ရစ်သူများ၏ အဆိုအရ မိုးရွာသွန်းခြင်းနှင့် လေတိုက်ခတ်ခြင်းများကြောင့် လှေနစ်မြုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ အထူးသဖြင့် အမေဇုန်ဒေသတွင် သယ်ယူပို့ဆောင်ရေးအဖြစ် မြစ်တွင်းသွား သင်္ဘောများအား အသုံးပြုနေရပြီး သင်္ဘောများမှာ ခရီးသည် အလွန်အကျွံတင်ဆောင်သည့်အတွက် မတော်တဆမှုများလည်း ဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.