Latin America
ဘရာဇီး လူငယ်ဘောလုံးကြယ်ပွင့်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း မန်ယူပြော

ရီယိုဒီဂျနေရို ၊ မေ ၁ ရက် (ဆင်ဟွာ)
ဘရာဇီး U-23 အသင်း ဘောလုံးအကျော်အမော် Gabriel Jesus အား ခေါ်ယူရန် မန်ချက်စတာ အသင်း နှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတို့အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ ပြည်တွင်း Serie A ကလပ်ပြိုင်တွင် ၈ ကြိမ်တိတိဗိုလ်စွဲထားသည့် ပါးမီးယက်စ် ( Palmeiras ) အသင်းသည် ၎င်းတို့၏ အသက် ၁၉ နှစ်အရွယ် လူငယ်ဘောလုံးသမားအား သြဂုတ်လတွင်ကျင်းပမည့် ဘရာဇီးအိုလံပစ်ပြိုင်ပွဲအပြီးတွင် ရောင်းချရန် ပြင်ဆင်နေကြောင်း Estado de S.Paulo သတင်းစာက ရေးသားထားသည်။
Gabriel ၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရိုငွေ သန်း ၃ဝ ရှိမည်ကို နားလည်ထားကြပြီးဖြစ်သော်လည်း ပါးမီးယက်စ်အသင်းက ၎င်းတို့၏ ရှေ့တန်းတိုက်စစ်မှုကို ယူရို ၂၄ သန်းဖြင့် ရီယဲမက်ဒရစ် ၊ ပဲရစ်စိန့်ဂျာမိန်း ၊ မန်ချက်စတာယူနိုက်တက် (သို့မဟုတ် ) ဘေယန်မြူနစ် အသင်း တစ်ခုခုကို ရောင်ချသွားရန် ဆန္ဒရှိနေကြောင်း သတင်းစာက ဆိုသည်။
Gabriel သည် ပါးမီးယက်စ် အသင်းတွင် ပထမပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည့် ယခင်နှစ်မှစတင်ကာ အသင်းအတွက် ၅၂ ပွဲတွင် ၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ၎င်းသည် ၂ဝ၁၆ ဇွန်လတွင် အမေရိကန်ပြည်ထောင်စု၌ ကျင်းပမည့် ကိုပါအမေရိကဖလားဘောလုံး ပြိုင်ပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းကြီး၏ ပဏာမ ကစားသမား ၄ဝ ဦးစာရင်းတွင် ရွေးချယ်ခံထားရကြောင်းသိရသည်။ ( Xinhua )