Connect with us

Latin America

ဆွံ့အ၊ နားမကြားသုံး ဘာသာစကားအား လက်အိတ် အသုံးပြု၍ ဘာသာ ပြန်နိုင်တော့မည်

ဆွံ့အ၊ နားမကြားသုံး ဘာသာစကားအား ဘာသာ ပြန်နိုင်သည့် လက်အိတ်အား တွေ့ရစဉ်-(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဧပြီလ ၂၇ ရက် (ဆင်ဟွာ)

ဝါရှင်တန် တက္ကသိုလ် မှ ဘွဲ့ကြို ကျောင်းသား နှစ်ဦးသည် ဆွံ့အ၊ နားမကြားသုံး ဘာသာစကားအား စာသား (သို့) စကားသံ အဖြစ် ပြောင်းလဲ ပေးနိုင်သည့် လက်အိတ် တစ်စုံအား တီထွင်ခဲ့ကြောင်း တက္ကသိုလ်၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

“SignAloud” ဟု အမည်ပေးထားသည့် အဆိုပါ လက်အိတ်များတွင် လက်၏ လှုပ်ရှားမှုကို မှတ်သားပြီး ဗဟိုကွန်ပြူတာ စနစ်ထံသို့ အချက်အလက်များကို အချိန်နှင့် တပြေးညီ Bluetooth မှ တစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကွန်ပြူတာသည် ပေးပို့လာသော လက်လှုပ်ရှားပုံ အမူအရာများအား အမေရိကန် ဆွံ့အ၊ နားမကြားသုံး ဘာသာစကားမှ လက်အမူအရာများနှင့် ထပ်တူကျမှု ရှိ၊ မရှိ တိုက်ကြည့်ကာ သက်ဆိုင်ရာ စာလုံး၊ စာကြောင်းများ အဖြစ် စပီကာမှ တစ်ဆင့် အသံထွက်ဆို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်အိတ် တီထွင်သူ တစ်ဦးဖြစ်သူ Thomas Pryor က ဆွံ့အ၊ နားမကြားသုံး ဘာသာစကား အတွက် ဘာသာပြန် စက်များစွာ ပေါ်ထွန်းနေပြီ ဖြစ်သော်လည်း နေ့စဉ် အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိနေပြီး အချို့သည် အသုံးပြုသူ၏ ခန္ဓာကိုယ် တစ်ခုလုံး (သို့) လက် တစ်ချောင်းလုံးတွင် အာရုံခံ ကိရိယာများ တပ်ဆင်ရန် လိုအပ် နေသေးကြောင်း ပြောကြားခဲ့သည်။
Pryor က ယင်း လက်အိတ်များသည် အလေးချိန် ပေ့ါပါးခြင်း၊ ကျစ်လစ် သိပ်သည်းခြင်းတို့အပြင် မျက်မှန်တပ်ခြင်း ကဲ့သို့ပင် အထောက်အကူ ပစ္စည်း တစ်ခု အဖြစ် နေ့စဉ် အသုံးပြု ရန် အဆင်ပြေကြောင်း ပြောကြားခဲ့သည်။
၎င်းတို့၏ တီထွင်မှုသည် ၂၀၁၆ ခုနှစ်၏ Lemelson-MIT Student ဆုကို ရရှိခဲ့ပြီး အဆိုပါ ဆုသည် တီထွင်မှု စွမ်းရည် ကောင်းမွန်သည့် ဘွဲ့ကြိုနှင့် ဘွဲ့ရ ကျောင်းသားများအား ပေးအပ်သည့်ဆု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.