Connect with us

Latin America

အီကွေဒေါငလျင်လှုပ်ခတ်ပြီး ၁၃ ရက်ကြာအသက်မသေဘဲ ပိတ်မိနေသူ ၇၂ နှစ် အရွယ် အဖိုးအိုတစ်ဦးအား ကယ်တင်နိုင်ခဲ့

အီကွေဒေါနိုင်ငံတွင် ငလျင်ဒဏ်ခံရသည့် အပျက်အစီးပုံများအား ကယ်ဆယ်ရေးလုပ်သားများ ရှင်းလင်းနေပုံ (ဆင်ဟွာ)

ကွီတို ၊ မေ ၁ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံအနောက်ဖက်ကမ်းခြေတွင် ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံထဲတွင် ၁၃ ရက်ကြာပိတ်မိနေသော အသက် ၇၂ အရွယ်အဖိုးအိုတစ်ဦးအား ဗင်နီဇွဲလား ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံက ဧပြီ ၃ဝ ရက်တွင် ကြေညာလိုက်သည်။

၎င်းအဖိုးအိုအား အီကွေဒေါနိုင်ငံ အနောက်ပိုင်း Manabi ပြည်နယ်၊ Jaramijo Canton ငလျင်အန ္တရာယ်ဇုံ အတွင်းမှ ဧပြီ ၂၉ ရက်တွင် ဗင်နီဇွဲလား လူသားချင်စာနာမှုအကူအညီပေးရေး “Liberator Simon Bolivar” အဖွဲ့က အံ့သြသင့်ဖွယ်ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကွီတိုမြို့ရှိ ဗင်နီဇွဲလား သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
အပျက်စီးပုံထဲမှ အချက်ပေးသံကိုကြားရပြီးနောက် ကယ်ဆယ်ရေးလုပ်သမားများသည် အထဲသို့လျင်လျင်မြန်မြန်ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထို့နောက်တွင် အခန်းနံရံကြား၌ ပိတ်မိနေသာ အဖိုးအိုအား ရှာဖွေ တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ Manuel Vasquez ဟု အမည်ရသည့် အဖိုးအိုသည် ကျောက်ကပ်ရောဂါ နာတာရှည်ဝေဒနာခံစားနေရသူ တစ်ဦးဖြစ်သည်။ ထို့ပြင် အုတ်ပုံအတွင်းပိတ်မိနေစဉ် ရေငတ်ခြင်း နှင့် မျက်စိပြာဝေခြင်း ဝေဒနာများလည်း ခံစားခဲ့ရသဖြင့် ၎င်းအား နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ထားရသည်။
၂ဝ၁၆ ခုနှစ် ဧပြီ ၁၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ယနေ့အချိန်ထိ လူပေါင်း ၁၃၃ ဦးအား အပျက်အစီးပုံများထဲမှ ကယ်တင်နိုင်ခဲ့သည်။ငလျင်ကြောင့် အနည်းဆုံးလူ ၆၆ဝ ဦး သေဆုံးပြီး ၄၆၅ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် ၃၂ ဦးမှာ ပျောက်ဆုံးနေပြီး လူပေါင်း ၂၂,၄၂၁ ဦးမှာ အိုးမဲ့အိမ်မဲ့များအဖြစ် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း အီကွေဒေါနိုင်ငံသမ္မတ Rafael Correa က ဧပြီ ၃ဝ ရက်တွင်ပြောကြားသည်။
ငလျင်လှုပ်ခတ်ပြီး ၁၃ ရက်အကြာ အီကွေဒေါနိုင်ငံအတွင်းရှိပြည်နယ် ၂ ခုတွင် အရေးပေါ်ကယ်ဆယ်ရေးဖြစ် လူပေါင်း ၇၇၁၂ ဦးကိုဆေးဝါးကုသပေးခဲ့ခြင်း နှင့် အဆောက်အအုံ ၂၆၁၆ လုံးကို တည်ဆောက်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု အီကွေဒေါနိုင်ငံဆိုင်ရာ ဗင်နီဇွဲလား သံရုံးက ဆိုသည်။ ထို့ပြင် ဗင်နီဇွဲလားနိုင်ငံသည် ငလျင်ဒဏ်ခံရသည့် အီကွေဒေါနိုင်ငံသို့အကူအညီပေးရန် ပထမဦးဆုံးရောက်ရှိလာသည့် နိုင်ငံဖြစ်ကြောင်း သံရုံးကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.