Latin America
ဘိုလီးဗီးယားတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၁၁ဦးသေဆုံး

လာပဇ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဘိုလီးဗီးယားနိုင်ငံ တောင်ပိုင်းတွင် ဇန်နဝါရီ ၂၀ ရက်က အားကစားအဖွဲ့တစ်ဖွဲ့လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ရာ အနည်းဆုံး လူ ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းတာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
Tarija မြို့ ရဲဌာန၏ မီးသတ်တပ်ဖွဲ့ အကြီးအကဲ Roberto Siles က အဆိုပါ ဘတ်စ်ကားသည် ဘောလုံးပြိုင်ပွဲတစ်ခုသို့ သွားရောက်ရန် Tarija မြို့မှ Villa Charcas မြို့သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘတ်စ်ကားသည် လမ်းမပေါ်မှ တိမ်းမှောက်သွားပြီးနောက် လူ ၂၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရီးသည်များစွာက ၎င်းတို့၏ ဘတ်စ်ကားသည် ဘရိတ်ပေါက်သည့် လက္ခဏာများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင်လည်း ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမပေါ်တွင် ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ လူ ၂၂ဦးသေဆုံးပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)