Connect with us

Latin America

ဘရာဇီးနိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များအားတိုးချဲ့တင်ပို့နိုင်ရန် အတွက် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့အား အေရှ နှင့် ဥရောပသို့ စေလွှတ်မည်

ဘရာဇီးနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးသစ်ဖြစ်လာသော Tereza Cristina Dias အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များအားတိုးချဲ့တင်ပို့နိုင်ရန် အတွက် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့များအား အာရှ နှင့် ဥရောပသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဘရာဇီးအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး ထရီဇာခရစ္စတီးနား (Tereza Cristina) က ဇန်နဝါရီ လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။

အာရှ နှင့် ဥရောပနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းကာ ဈေးကွက်သစ်များဖော်ဆောင်ရန် ထရီဇာခရစ္စတီးနားအနေဖြင့် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ သွားရောက်မည်ဖြစ်ကြောင်း၊ Brazil’s G1 သတင်းဝက်ဆိုက်တွင် ပါရှိသည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) တွင်သမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) က ဘရာဇီး၏ စီးပွားရေး နှင့် ကုန်သွယ်ရေးအားမြှင့်တင်ရန် အတွက် သမ္မတအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည့်မိန့်ခွန်းပေါ်မူတည်၍ ထရီဇာခရစ္စတီးနားက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပို့ကုန်အတွက် သဘာဝပတ်ဝန်းကျင်ကို အလေးပေးဆောင်ရွက်သည့် စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေး အား ပြသရန် သမ္မတ ဂျေအာဘိုဆိုနာရို က ကမ္ဘာ့စီးပွားရေးဖိုရမ် မှာပြောကြားခဲ့တယ်။ အခုအချိန် မှာ ကျွန်မတို့ အနေနဲ့ အာရှ နဲ့ ဥရောပဘက်ကို ကုန်သွယ်မှုချဲ့ထွင်ဖို့အတွက် ကုန်သွယ်ရေးမစ်ရှင်စေလွှတ်ခြင်းဖြင့်ပဏာမ ခြေလှမ်းမစ်ရှင် ကို ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်’’ ဟု ထရီဇာခရစ္စတီးနားက ပြောသည်။

အာရှမှာကျွန်မတို့ ပို့ကုန်တွေအတွက် သွင်းကုန်လုပ်ငန်းရှင်သစ်တွေကို ဆွဲဆောင်ဖို့ အလားအလာရှိကြောင်း ၎င်းကဆိုသည်။

ဥရောပတွင် ဘရာဇီးနိုင်ငံ၏ စိုက်ပျိုးရေးကုန်ကြမ်း ဝင်ရန် ကန့်သတ်ချက်များအတွက် ပထမခြေလှမ်းအနေဖြင့် ကျွန်မတို့ ရဲ့ကုန်သွယ်ရေးမစ်ရှင်အဖွဲ့အနေနဲ့ ပြင်သစ်ကဲ့သို့သော နိုင်ငံများ နှင့် ဆွေးနွေးညှိနှိုင်းရန်ရည်ရွယ်ပါတယ်’’ ဟု ထရီဇာခရစ္စတီးနား ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.