Connect with us

Latin America

ဘိုလီးဗီးယားနိုင်ငံတွင် ဆိုးဝါးသည့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၂ ဦးထက် မနည်းရှိ

ယာဉ်တိုက်မှု ဖြစ်ပွားသည့်အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

လီမာ ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း Oruro ပြည်နယ်တွင် ဇန်နဝါရီ ၁၉ ရက်က ဆိုးဝါးသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက Oruro ပြည်နယ်မှ Potosí ပြည်နယ်သို့သွားရာလမ်းတွင် ဘတ်စ်ကား နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှု အမြောက်အမြား ဖြစ်ပွားခဲ့ကြောင်း ရဲဘက်ဆိုင်ရာ သတင်းများအရ သိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရ သည် ။

ဘတ်စ်ကား တစ်စီးသည် ယာဉ်ကျော်တက်ရန် အခြားဆန့်ကျင်ဘက်ယာဉ်ကြောလမ်းကို ဝင်ရောက် မောင်းနှင်ရာမှ တစ်ဖက်ယာဉ်ကြောတွင် ပုံမှန်မောင်းနှင်လာသည့် ဘတ်စ်ကားနှင့် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ကနဦး စုံးစမ်းစစ်ဆေးချက်များအရ သိရသည်။

အချင်းသည့်အချိန်တွင် မိုးစက်မြူမှုန်များမှိုင်းနေရာ မြင်နိုင်ချေနည်းကြောင်း သိရသည်။ အချင်းဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.