Connect with us

Latin America

အမေရိကန် သမ္မတ ထရမ့် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံသို့ သွားမည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန် ဇွန်လအတွင်း တောင်ကိုရီယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

“သမ္မတ ဒေါ်နယ်ဂျေထရမ့်က သမ္မတ မွန်ဂျေအင် (Moon Jae-in) နဲ့တွေ့ဖို့နဲ့ G20 ထိပ်သီးအစည်းအဝေး တက်ဖို့အတွက် ဇွန်လနှောင်းပိုင်းမှာ တောင်ကိုရီးယားသွားဖို့ရှိတယ်” ကြေညာချက်တွင် ဖော်ပြထားသည်။

ထရမ့်နှင့် မွန်တို့သည် “မြောက်ကိုရီးယားရဲ့ နျူကလီးယားကင်းစင်ရေးကို နောက်ဆုံး အပြည့်အဝ စိစစ်အတည်ပြုမှု အောင်မြင်ရန် အားထုတ်ကြိုးပမ်းမှုများအား နီးကပ်စွာ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်” ဟု ကြေညာချက်အရ သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ မဟာမိတ်ပြုခြင်းနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန် နည်းလမ်းများအား ဆွေးနွေးမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။

ထရမ့်နှင့် ၎င်း၏ ဇနီး မယ်လာနီယာတို့သည် မေလကုန်ပိုင်း၌ ဂျပန်နိုင်ငံ၏ ဘုရင်သစ်အား တွေ့ဆုံရန် ဂျပန်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီလက ပြောခဲ့သည်။

ဧပြီလအတွင်း အိမ်ဖြူတော်သို့ သွားရောက်ခဲ့သည့် တောင်ကိုရီးယား သမ္မတ မွန်၏ခရီးစဉ်အတွင်း ထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ကျန်ရှိဦးမည်ဖြစ်သော်လည်း ပိတ်ဆို့မှုထပ်မံတိုးမြှင့်ရန်အတွက်မူ လိုအပ်မည်မဟုတ်ဟု မှတ်ယူကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် တတိယအကြိမ်မြောက် တွေ့ဆုံပွဲပြုလုပ်ရန် ဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.